Sunday, April 8, 2012

ကေအဲန်ယူကိုယ်စားလှယ် အချို့နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နေပြည်တော်တွင်တွေ့ဆုံ

(ကေအိုင်စီ)

ကရင် အမျိုးသားအစည်း အရုံး (ကေအဲန်ယူ) အတွင်း ရေးမှူးချုပ် နော်စီဖိုး ရာစိန် ဦးဆောင်သည့် ငြိမ်းချမ်း ရေးကိုယ်စား လှယ်အဖွဲ့ ၀င်အချို့သည် မနေ့ နေ့လည် ၁၁နာ ရီမှ ၁၁နာရီခွဲ အချိန်တွင် မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ ဘက်မှ အတွင်းရေး မှူးချုပ် နော်စီဖိုး ရာစိန်၊ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး မူတူး စေးဖိုး၊ ဗိုလ်မှူး ထူးထူးလေး စသည့် ကိုယ်စားလှယ် ၇ဦးသည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ခဲ့ရာတွင် ပြည်တွင်း ငြိမ်းချမ်း ရေးဖော်ဆောင် ရေးအတွက် လုပ်ဆောင်ရန် လိုသည့် အချက် များကို ဆွေးနွေး ပြောဆို ခဲ့သည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းမှ တိုင်းပြည် တိုးတက် နိုင်မည်၊ ပြည်တွင်း ငြိမ်းချမ်းမှ တိုင်ရင်း သားတန်းတူ ရေးကို လုပ်ဆောင် နိုင်မည်၊ ဒီမိုကရေစီ အနှစ် မရှိ ဘဲနဲ့ တိုင်းပြည်ကို တိုး တက် အောင် မလုပ် ဆောင်နိုင် ဘူးဆို သည်ကို လက်ခံ ကြောင်းနှင့် ထို့အတွက် လက်ရှိ တိုင်းပြည်ကို ဒီမို ကရေစီ လမ်းကြောင်း ပေါ်တွင် လျှောက်ချ လုပ်ဆောင်နေသည်ဟု ပြောဆို ကြောင်း ထိုတွေ့ဆုံပွဲတွင် ပါဝင် သည့် ကေအဲန်ယူ ကိုယ်စားလှယ်များက ပြောသည်၊

ကေအဲန်ယူ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “အခုလို သမ္မတ ဦးသိန်းစိန်နဲ့ သွားတွေ့တဲ့အခါမှာ နိုင်ငံတော်အပေါ်မှာ ထားတဲ့ သူ့ရဲ့ စိတ်သဘောထားတွေကို သိနားလည်လာတယ်။”ဟု ပြောသည်။

No comments: