Monday, April 9, 2012

မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးဆွေးနွေးရန် ထွက်ခွာ

နန်းမြနဒီ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်တဲ့ မွန်ပြည်သစ် ပါတီဟာအ စိုးရ ငြိမ်းချမ်း ရေးကိုယ် စားလှယ် တွေနဲ့ ဆက်လက် ဆွေးနွေးဖို့ဌာန ချုပ် ရေးချောင်း ဖျား ကနေ မနေ့က ထွက်ခွာ သွားပါ တယ်။

မွန်ပြည်သစ်ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁)နိုင်အောင်မင်းဦး ဆောင်တဲ့ အဖွဲ့ဝင် ၇ ဦးပါ ကိုယ်စား လှယ်အ ဖွဲ့ဟာ ရထား ၀န်ကြီးဦး အောင်မင်း ဦးဆောင်တဲ့ အစိုး ရငြိမ်း ချမ်းရေး ကိုယ်စား လှယ်အ ဖွဲ့နဲ့ ဧပြီ ၁၀ ရက်မှာ တွေ့ဆုံ ကြမယ်လို့ မွန်ပြည်သစ် ပါတီက ပြောပါ တယ်။

အရင် တခေါက် အပစ် အခတ် ရပ်ရေး လက်မှတ် ထိုးတုန်းက နောက် ထပ် ၄၅ ရက်ကြာ ရင် နိုင်ငံရေး ဆွေးနွေး မယ်ဆိုတဲ့ သဘောတူညီ ချက် အရ ဆက်ပြီး ဆွေးနွေး တာလို့ မွန်ပြည်သစ်ပါတီ မဟာမိတ် နဲ့ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာ ဗွန်ခိုင်က ပြောပါတယ်။

“ကျနော် တို့ ၄၅ ရက် အတွင်း စကား ပြောဖို့ အဲဒီ အတွက် သွားတာ၊ ဒီတ ခါတော့ တပ်တွေ နေရာချ ထားဖို့ ကိစ္စတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ နိုင်ငံရေး အကျဉ်း သားတွေ ပြန်လွှတ် ပေးဖို့၊ ၂ ယောက် ကျန် သေးတယ်။ ယက္ခနဲ့ နိုင်မျိုးထွေး၊ ထောက်လှမ်းရေး ခေတ်တုန်းက ထောင်ချောက် မိပြီး နိုင်ငံတော် လုပ်ကြံ မှုပေါ့။ အဲဒီ အမှုနဲ့ ဆွဲခံ ထားရ တာ၊ ၇ နှစ်ရှိပြီ။”

ဒီတကြိမ် ဆွေးနွေး ပွဲဟာ ပြည်ထောင်စု အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လည်းဖြစ် သလို ပြည်နယ်တွင်း နေရာ ချထားရေး ကိစ္စ တွေလည်း ပါဝင် တယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေး ရာမှာ လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (ယူ အန် အက်ဖ်စီ) ရဲ့ မူဝါဒ အတိုင်း ဆွေးနွေး သွားမယ်လို့ နိုင်ဟံသာ ဗွန်ခိုင်က ပြောပါတယ်။

ယူအန် အက်ဖ်စီ မူအရ အဖွဲ့ ၀င်တွေ အနေနဲ့ အပစ် အခတ် ရပ်စဲ ရေးကို တဖွဲ့ချင်း ဆွေး နွေးပြီး နိုင်ငံရေး ကိစ္စ ကိုတော့ တဖွဲ့လုံး အနေနဲ့ သာ ဆွေးနွေးဖို့ မူဝါဒ ချမှတ် ထား တာပါ။

အပစ်အခတ် ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ ဖြစ်ပေါ် လာဖို့ အတွက် မွန်ပြည်သစ် ပါတီဟာ အစိုးရ ကိုယ်စား လှယ်တွေနဲ့ ၄ ကြိမ် တွေ့ဆုံ ခဲ့ပြီး ဖြစ်ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီ ၂၅ ရက် နေ့မှာ အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့ပြီး မော်လမြိုင်၊ သံဖြူဇရပ်၊ ဘုရား သုံးဆူ၊ ရေး စတဲ့ မြို့နယ် တွေနဲ့ ကမ်းရိုးတန်း ဒေသ တွေမှာ ဆက်ဆံရေး ရုံး ဟောင်း၊ ရုံးသစ်တွေ ပြန်ဖွင့် နိုင်ခဲ့ ပါတယ်။

No comments: