Sunday, February 3, 2013

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ ကိုယ်စားလှယ်နှင့် မြန်မာလူထုအခြေပြု အဖွဲ့အ စည်းများ ဆွေးနွေးပွဲပြုလုပ်

ခိုင်ခိုင်

ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ Central Hotel တွင် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ ကိုယ်စားလှယ်များ လာရောက်၍ မဲဆောက်မြို့အတွင်းရှိလူထုအခြေပြု အဖွဲ့အစည်းများ နှင့် အချက်အလက်များဖလှယ်သော အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ထိုဆွေးနွေးပွဲကိုနံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံတွင်း အမျိုးသားလုံခြုံရေးမဟာဗျူဟာ၊ နိုင်ငံအမျိုးသားလုံခြုံရေး ရုံး များ မူဝါဒသုတေသီ ကျွမ်းကျင်မှုအဆင့် ခွန်းရဖီးလို့ချိုင်းယကွန့်၊ ထိုင်း အမျိုးသားလုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်များ၊ မဲဆောက်မြို့ရှိလူထုအခြေပြု အဖွဲ့အစည်းများဖြစ်သော IRC၊ SAW၊ ALC၊ JACBA၊ ဧရာဝတီ၊ GRS၊ LLC စသည့် ကိုယ်စားလှယ် (၅၀)ခန့် တက်ရောက် ခဲ့ ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မဲဆောက်မြို့ရှိရွှေ့ပြောင်းအလုပ်သမားများ စီစဉ်ရေးမဟာဗျူဟာနှင့် ထိုင်းမြန်မာနယ်စပ်မှ တရားမဝင် အထောက်အထား ပြ ဿာနာရှိသူ ရွှေ့ပြောင်းအလုပ်သမားများ၊ စစ်ဘေးဒုက္ခသည်များ ၏ အခြေအနေများကိုဆွေးနွေးဖလှယ်ခြင်း၊ ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်သည့် ပြဿနာများအား ဖြေရှင်းရေးဆိုင်ရာ စနစ်တစ်ခုလုံး၏ နည်းဗျူဟာများအားရှင်းလင်းရန်နှင့် ဆွေးနွေးဖလှယ်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အစည်းအဝေးတက်ရောက်ခဲ့သော JACBA-Burma လူထုအခြေပြု အဖွဲ့အစည်းမှ ဒေါ်လှသိန်းက " မနေ့က ရွေ့ပြောင်းအလုပ်သမားစီစဉ် ရေးမဟာဗျူဟာနဲ့ ထိုင်း-မြန်မာ နယ်စပ်က တရားမဝင်အထောက်အထား ပြဿာနာရှိသူရွှေ့ပြောင်းအလုပ်သမားတွေ၊ စစ်ဘေးဒုက္ခသည် တွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးကြတယ်။ ပထမအုပ်စုဖြစ်တဲ့ တောင်ပေါ်ကရင် တွေက ၂၀၁၀ တုန်းကလူဦးရေ ၅ သိန်းရှိတယ်။ အခု ၂၀၁၂ စာရင်းအရလူဦးရေပေါင်း ၆ သိန်း ၈ သောင်းတိုးလာတယ် သူတို့ကိုအမြဲတမ်းနေထိုင်ခွင့် ပေးထားတယ်။ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးကိုလည်း ပြည်ထဲရေးဝန်ကြီးဌါနက တာဝန်ယူထားပါတယ်။ ဒုတိယအုပ်စုမှာကတော့ ယာယီနေထိုင်ခွင့်ပေးထားတဲ့ လူဦးရေ ၂ သန်းရှိတယ်။ တတိယအုပ်စုကဘင်္ဂလီ (ထိုင်းကရိုဟင်ဂျာလို့ခေါ်တယ်)၊ မြောက်ကိုးရီးယား၊ ဒုက္ခသည်စခန်းကလူတွေဖြစ်တယ်။ သူတို့ကိုလည်း နှင်ထုတ်လို့ မရတာကြောင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ဆွေးနွေးပြီးတော့ မျက်နှာမပျက်ရအောင်လို့ သူတို့ သွားချင်တဲ့နေရာကိုပို့ပေးမယ်လို့ပြောတယ်။ စတုတ္တ အုပ်စုကတော့ လက်မှတ်အတု၊ တရားမဝင်၊ နယ်စပ် ကျော်ဖြတ် ဝင်ရောက်သူတွေကိုကျတော့ ရဲတွေနှင့် လူ ဝင်မှု ကြီးကြပ်ရေးတွေက တာဝန်ယူဖြေရှင်းနေလို့ ပြောတယ်။ " ဟုပြောသည်။

ယာယီပတ်စပို့နှင့် ဝက်(ခ်)ပါမစ်(အလုပ်လုပ်ခွင့်လက်မှတ်)လုပ်ရန်အတွက် ကုမ္ပဏီ ၉၀ ကျော်အားတရားဝင်လွှဲအပ်ထားသောကြောင့် လက် မှတ်အတုနှင့် ပွဲစားလိမ်လည်မှု ပြဿနာဖြစ်လာပါက သက်ဆိုင်ရာ ထိုင်းအစိုးရ အာဏာပိုင်ရုံးများတွင် လာရောက်တိုင်တန်းနိုင် ကြောင်း သိရသည်။ မြန်မာရွေ့ပြောင်းအလုပ်သမားတိုင်း တရားဝင် လက်မှတ်ကိုင်ဆောင်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌါနအား တင်ပြထား သေးကြောင်းသိရသည်။

ပတ်စပို့၊ ဝက်(ခ်)ပါမစ်(အလုပ်လုပ်ခွင့်လက်မှတ်) ရှိသော်လည်း နေ့စားခအပြည့်အဝမပေးနိုင်ကြောင်းနှင့် လက်မှတ်အတုကိုင်ဆောင်မှု၊ တ ရားမဝင်ဝင်ရောက်မှု၊ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာကို " ပတ်စ်ပို့နဲ့ ဝက်(ခ်)ပါမစ် ရှိတဲ့ရွေ့ပြောင်းအလုပ်သမားတွေ တစ်နေ့ဘတ်ငွေ ၃၀၀ ကို အမြတ်မရှိလို့ မပေးနိုင်ကြောင်း လုပ်ငန်းရှင်ကြီးများအသင်းကပြောတယ်။ အမျိုးသားလုံခြုံရေးကောင်စီကတော့ ပေးဖို့အတွက် အမိန့်ချမှတ်ဖို့ အာဏာမရှိကြောင်းနဲ့ ရရှိဖို့အတွက် အလုပ်ရှင်တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကအလုပ်သမားတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်သွားဖို့လိုအပ်တယ်လို့ ပြောတယ်။ " ဟုပြောသည်။

ထိုင်းနိုင်ငံတွင် တောင်ပေါ်သားနှင့် တရားမဝင် ဝင်ရောက်သူ၊ ရွှေ့ပြောင်းဝင်ရောက်လာသူများ၊ အရေအတွက် မှာ ၃ သန်းထက် မနည်းရှိနေ ပြီး ပတ်စ်ပို့နှင့် ဝက်(ခ်)ပါမစ် လုပ်ရန်အတွက် ဖေဖော်ဝါရီ ၁၄ ရက်မှ မတ်လ ၁၅ ရက်နေ့အထိခွင့်ပြုထားကြောင်းသိရသည်။ တရားမဝင် ဝင် ရောက်နေထိုင်သူများ၊ လက်မှတ်အတုကိုင် ဆောင်သူများအားစီစစ်ရန်နှင့် တရားမဝင် ဝင်ရောက်မှု ပြဿနာများကိုဖြေရှင်းနိုင် ရန်အတွက် အာဆီယံနိုင်ငံများစုပေါင်းပြီးလုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

No comments: