Monday, February 18, 2013

မြန်မာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ

ABC

မြန်မာနိုင်ငံမှာ ​ဒီမိုကရေစီဆီကို ​ဦးတည်နေတဲ့ ​တိုးတက်မှုတွေရှိနေပေမယ့် ​လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း ​စိုးရိမ်စရာ ​ဖြစ်နေတုန်း ပဲလို့ ​ကုလသမဂ္ဂက ​ပြော လိုက် ပါတယ်။

ကုလသမဂ္ဂရဲ့ ​လူ့အခွင့်အရေးဆိုင်ရာ ​အထူးကိုယ်စားလှယ် ​သောမတ်စ် ​အိုဟေးကင်တားနားရဲ့ ​၅ ​ရက် ​ကြာ ​မြန်မာနိုင်ငံ ​ခရီးစဉ်အပြီးမှာ ​ပြော လိုက်တာ ​ဖြစ်ပါတယ်။

ကချင်တပ်ဖွဲ့ဝင်တွေကို ​ဖမ်းဆီးနှိပ်စက်တာတွေ၊ ​လိုက်လံဖမ်းဆီးမှုတွေ ​လုပ်နေဆဲ ​ဖြစ်တယ်လို့ ​သောမတ်စ်အိုဟေး ​ကင်တားနားက ​ပြောပါ တယ်။

အဲ ​ဒါ့ ​အပြင် ​နှစ်ဖက်တပ်တွေက ​မြေမြုပ်မိုင်းတွေ ​အသုံးပြုကြတာကိုလည်း ​ရှုံ့ချလိုက်ပါတယ်။

ကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်အတွင်း ​နှစ်ဖက်တပ်တွေက ​မြေမြုပ်မိုင်းကို ​ကျယ်ကျယ်ပြန့်ပြန့် ​အသုံးပြုကြတဲ့အကြောင်း ​ဒီလိုအသုံးပြုမှု ကြောင့် ​ပြည်သူတွေ ​သေဆုံးတာတွေ၊ ​ဒဏ်ရာရတာတွေ ​အပြင် ​စိတ်ထိခိုက်တဲ့ဒဏ်ရာပါ ​ရနေကြရတယ်လို့လည်း ​ပြောပါတယ်။

သူ့ရဲ့ ​ခရီးစဉ်အတွင်း ​ကချင်ပြည်နယ်တွင်းက ​ဒုက္ခသည်စခန်းတစ်ခုကို ​သွားရောက်လေ့လာခဲ့တယ်လို့လည်း ​သိရပါတယ်။

ရခိုင်ပြည်နယ်မှာလည်း ​ရခိုင်လူမျိုးတွေနဲ့ ​ရိုဟင်ဂျာလူမျိုးတွေကြား ​တင်းမာမှုအပေါ် ​စိုးရိမ်မကင်းဖြစ်မိကြောင်း​ရခိုင်လူမျိုးတချို့က ပြည်တွင်း နဲ့ ​နိုင်ငံတကာက ​ကျန်းမာရေးလုပ်သားတွေအပေါ် ​ချိန်းခြောက်မှု တွေ ​လုပ်နေတဲ့အတွက် ​ရိုဟင်ဂျာမှုဆလင်ဒုက္ခသည်စခန်းတချို့မှာကျန်း မာ ရေးစောင့်ရှောက်မှု ​မလုပ်ပေးနိုင်တာတွေ ​ရှိနေတယ်လို့လည်း ​သောမတ်စ် ​အိုဟေးကင်တားနားက ​ပြောပါတယ်။

No comments: