Tuesday, February 19, 2013

သမ္မတ ဦးသိန်းစိန် စီးသည့် ရဟတ်ယာဉ် စက်ချွတ်ယွင်း

khonumthung

ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က ချင်းပြည်နယ်သို့ ပထမဆုံးခရီးစဉ် အဖြစ် ရောက် ရှိလာသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော် သမ္မတ ဦးသိန်းစိန် နှင့် နိုင်ငံတော်ခေါင်းဆောင်များ စီးလာသည့် ရဟတ် ယာဉ် စက်ချွတ် ယွင်းသွားသည်။

အဆိုပါ ရဟတ်ယာဉ်သည် ၁၆ ရက်နေ့တွင် ဟားခါးမြို့ ဂေါက်ကွင်းတွင် ဆင်းသက်ပြီးမှ စက်ချွတ်ယွင်း ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသားစက်ပြင် တွေက ယနေ့ထိ ပြင်နေကြောင်း သိရသည်။

“ ယနေ့ထိ သမ္မတ ရဲ့ အဖြူရောင် ရဟတ်ယာဉ် ကို နိုင်ငံခြား သားတွေက ပြင်နေကြတယ်၊ စက်ချွတ်ယွင်းမှု အသေးစိပ်ကို တော့ မသိရပါ” ဟု မြို့မိမြို့ဖ တဦးက ပြောသည်။

သမ္မတသည် ခရီးစဉ်အတွင်း ကလေးမြို့၊ တီးတိန်၊ ဖလမ်း မှ တဆင့် မြို့တော်ဟားခါးသို့ ရောက်ရှိ လာခြင်းဖြစ် သည်။

သမ္မတ နှင့် ၀န်ကြီး (၉) ဦးတို့သည် ဟားခါးမြို့ကနေ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့သို့ တခြား ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး တ ဆက် တည်း ပုဂံသို့ ဆက်လက်ထွက်ခွါသွားပြီဖြစ်သည်။

သမ္မတသည် ချင်းပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေးလိုအပ်ချက်များ ဖြည့်စွက်ပေးရန် ဂတိပြုထား ကြောင်း သတင်းများ တွင် ဖော်ပြထားသည်။

No comments: