Monday, February 4, 2013

အမျိုးသမီးအဆောင်မှူး၏ မတရားလုပ်ရပ် အထက်က လစ်လှူရှု

khonumthung

မတူပီမြို့နယ် မားဒူ အလယ်တန်းကျောင်း အမျိုးသမီးအဆောင်မှူး ဒေါ်သင်းသင်းမာသည် အဆောင်နေ ကျောင်းသူများ အပေါ် မတရား ဆက်ဆံပြုမှုနေကြောင်း သိရသည်။

အဆောင်မှူးသည် ကျောင်းစည်းကမ်းသတ်မှတ်ချက်ကို ကျူးလွန်ပြီး အဆောင်ပရ၀ဏ် တွင် ဈေးရောင်းခြင်း၊ အရက်၊ လောင်စာ ဆီများ ရောင်းချခြင်းများပြုလုပ်သည့် အပြင် မိမိဆိုင်ခန်း တွင်သာ လျှပ်စစ်မီးထွန်းနေကြောင်း ပြောကြသည်။

“ အဆောင်မှာ မီးမဖွင့်တဲ့အတွက် ကျောင်းသူတွေနဲ့ ပြသနာဖြစ်ခဲ့တယ်၊ အဲဒါကို အဆောင် ကနေ နှင်ထုတ်လိုက်တယ်” ဟု ကျောင်းသားမိ ဘ တဦးက ပြောသည်။

ဖေဖေါ်ဝါရီလတွင် ချင်းပြည်နယ်တခုလုံး ကျောင်းတွင်းအတန်းတင် စာမေးပွဲများဖြေဆိုရတော့ မည်ဖြစ်သော်လည်း ဇန္န၀ါရီ ၉ ရက်နေ့က တည်းက အနှင်ထုတ်ခံ ကျောင်းသူတွေဟာ ယနေ့ အထိ အဆောင်ပြန်ဝင်ခွင့် မရသေးကြောင်း ဆက်ဆို သည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး မားဒူ ကျောင်းသားမိဘတွေက မြို့နယ်ပညာရေးမှူးထံ တိုင်ကြားသော် လည်း သက်ဆိုင်ရာက လစ်လှူရှု ထားရ ကြောင်းပြောသည်။

ကျတော်တို့ မြို့နယ်ပညာရေးမှူးထံ စာသွားတင်တော့ ခင်ဗျားတို့ ကျောင်းဆရာမကို လွန်ဆန် ယင် နောက်ထပ် ကျောင်း ဆရာနစ်နာသွား မည်ဟု သာ တုံ့ပြန်ကြောင်း ဒေသခံ တဦးက ပြော သည်။

“ ပြသနာကို မားဒူ လယ်အုပ်ကနေ ညှိနှိုင်းဖို့ ခေါ်တော့ ဒေါ်သင်းသင်းမာက ကလန်ကဆန်လုပ်ပြီး ရုံးထဲ ကနေ ပြန်ထွက် သွားတယ် ” ဟု မိဘ တဦးက ပြောသည်။

တိုင်စာအတွက် မိတ္တူကို ခရိုင်၊ ပြည်နယ်ပညာရေးမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများထံ ပို့ထား သည်။

No comments: