Sunday, February 3, 2013

အစိုးရစစ်တပ်က ဖားကန့်မြို့နယ်ရှိ ချင်းရွာ အား လက်နက်ကြီးဖြင့် ပစ်ခတ် (၄) ဦး သေ

khonumthung

ဇန္န၀ါရီ ၂၃ ဗုဒ္ဒဟူးနေ့ နံနက် ၁၀ နာရီခန့် က နောင်ချိုအခြေစိုက် အစိုးရစစ်တပ် အင်အား ၅၀၀ ခန့်သည် ချင်းလူမျိုး များနေထိုင်သည့် က ချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ အုပ် စု၊ မှော်ဖီ ရွာအား လက် နက်ကြီးများဖြင့် ဆက်တိုက် ပစ် ခတ် သဖြင့် ရွာသား (၄) ဦးသေဆုံးပြီး အိမ်ငါးလုံး လက်နက်ကျည်ဆံထိ မီးလောင်သွားသည်ဟု သိရသည်။

နောင်ချို တပ်သည် မိုးကောင်းဖက်မှ တက်လာ ကြပြီး တာမခန်အခြေစိုက် စစ်တပ်နှင့် ပူးပေါင်း စစ်ဆင်နေကြခြင်းဖြစ် ကြောင်း ရွာသားများ သည် ဗုံးခိုကျင်းများ၊ ကျောက်ကျင်း မြေစာပုံများကိုအကာအ ကွယ် ယူ ပုန်းအောင်းနေ ရကြောင်း ဒေ သခံ ချင်းလူမျိုးတဦးက ပြောသည်။

၂၃ ရက်နေ့ တိုက်ပွဲကြောင့် မှော်ဖီရွာအပါအ၀င် နဂိုးချောင်ရွာသား သေဆုံးသူ (၂၀) ဦးခန့်ရှိ မည်ဟုသိရပြီး တချို့ဒါဏ်ရာရရှိသူများ သည် သွေး ရူးသွေးတန်းဖြင့် ပြေးလွှားပြီးတောထဲ တွင် သေဆုံးနေကြ ကြောင်း ဆက်ဆိုသည်။

“ ဆက်လက်သေကြအုံးမှာပါဗျာ၊ ဆေးဝါးမှ မရှိတာပဲ ” ဟု ချင်းလူမျိုး သိက္ခာတော်ရ ဆရာ တဦးက ပြောသည်။

အစိုးရစစ်တပ်များသည် ဝှေခါအုပ်စု တ၀ိုက်တွင် ဆက်တိုက် လှုပ်ရှားနေကြသဖြင့် ဒေသခံများ သည် ရွာသို့ မပြန်ရဲပဲ ဆိုင်းတောင်ဒုက္ခသည် စခန်းတွင် သောင်တင်နေကြကြောင်း မော်ဖီရွာသား ချင်းတိုင်းရင်း သား များသည် ချင်းတောင် သို့ ပြန် ချင်ကြသော်လည်း လမ်းစရိတ်ကြပေ။

“ အစိုးရစစ်တပ်တွေက ရွာထဲမှာ လုယက်၊ ဓါးမြတိုက်၊ လူသတ်မှုများကျူးလွန်နေကြတယ် ” ဟု ဒေသခံ တဦးက ပြောသည်။

ချင်းတိုင်းရင်သားများ နေထိုင်သည့် မှော်ဖီရွာသည် အိမ်ခြေ ၁၀၀ ခန့်ရှိပြီး ဒေသခံများ သည်တောင် ယာလုပ်ငန်း၊ ရေမဆေးကျောက် ရှာ ဖွေခြင်းများဖြင့် အသက်မွေးဝမ်းကျောင်း မှုပြုကြသည်။

No comments: