Wednesday, February 20, 2013

RCSS/SSA နှင့် ဦးအောင်မင်း ချင်းမိုင်၌ တွေ့ဆုံဆွေးနွေး

မွေခေါဝ်

ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် ဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မ တော် RCSS/SSA နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း တို့ ယနေ့ မွန်း လွဲပိုင်း၌ တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Sheik Istana Hotel ၌ မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ တွေ့ဆုံခဲ့ကြရာ နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စ၊ အပစ်ရပ်အပေါ်စောင့် ကြည့်ရေး၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးနှင့် ယနေ့ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အကြောင်း ဆွေးနွေးခဲ့ကြ သည်ဟု ဆို၏။

၂၀၁၁ ခု သြဂတ်စ်လ ၁၈ ရက်က လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် သမ္မတကြီး ဦးသိန်းစိန် ဖိတ် ခေါ်မှုကြောင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့က အပစ်ရပ်သဘောတူညီချက်စာချုပ်ချုပ်ခဲ့သည်။

No comments: