Wednesday, February 20, 2013

ကချင်ဒုက္ခသည်တွေကို ကုလက ထောက်ပံ့မှုပေးနေပြီ

ABC

ကချင်ပြည်နယ် ​ဖားကန့်ဒေသဘက်ရှိ ​စစ်ပွဲတွေကြောင့် ​အိုးအိမ်စွန့်ထွက်ပြေးလာတဲ့ ​စစ်ပြေးဒုက္ခသည်တွေကို ​အကူအညီပေးဖို့အတွက် ​ကု လသမဂ္ဂနဲ့ ​နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့တွေနဲ့အတူ ​စားနပ် ရိက္ခာတွေ ​တင်ဆောင်လာတဲ့ ​ယာဉ်တန်းဟာ ​မနေ့ကစပြီး ​ဖားကန့် ​ဒေသ ကိုရောက်ရှိနေပြီး ​ပစ္စည်းတွေကို ​ဖြန့်ဝေနေပြီလို့ ​သိရပါတယ်။

ဖေဖော်ဝါ ​ရီလ ​၁၇ရက်နေ့က ​မြစ်ကြီးနားကနေ ​ထွက်ခွာလာတဲ့ ​ကုလသမဂ္ဂယာဉ်တန်းဟာ ​ဖားကန့်ဒေသက ​စစ်ပြေးဒုက္ခသည်တွေကို ​အကူ အညီပေးနိုင်ဖို့အတွက် ​ပထမဆုံးအကြိမ် ​သွားရောက်ခွင့် ​ရခဲ့ တာ ဖြစ်ပြီး ​ရိက္ခာ ​တွေ၊ ​ အကူအညီပေးရေး ​ပစ္စည်းတွေနဲ့ ​ကုလ၀န်ထမ်းတွေ ​လိုက်ပါလာတဲ့ ​ယာဉ်တန်းကား ​၁၀ ​စီးပါဝင်တယ်လို့ ​ဖားကန့်မြို့နယ် ​(NDF)ပါတီက ​ဦးယော်ထုန်က ​အခုလိုပြောပါတယ်။

ဒီနေ့ ​လုံးခင်း ​ဖားကန့်မှာရောက်နေတယ်၊ ​အခုဝေနေပြီတဲ့၊ ​ဖားကန့်ရော၊ ​လုံးခင်းရော ​ဒီနေ့ ​ဟိုဘက်မှာ ​သူတို့တနေကုန်ပဲတဲ့၊ ​ခြင်တောင် တွေ၊ ​စောင်တွေ၊ ​အိုးခွက်ပန်ကန်တွေ၊ ​အစားအသောက်ရော ​ဘာရော ​ဒီနေ့ဝေနေကြတယ်သူတို့။ 

ဖားကန့်ဒေသမှာ ​ဒုက္ခသည်စခန်း ​၄၀ကျော်ရှိနေပြီး ​စစ်ပွဲတွေဖြစ်ပွားနေချိန်မှာ ​ဒုက္ခသည်ဦးရေ ​၅ထောင်ကျော် ​ရှိခဲ့ပေမဲ့ ​အခုချိန်မှာ ​တိုက်ပွဲ တွေငြိမ်သက်နေတဲ့အတွက် ​ဒုက္ခသည် ​၃ထောင်ကျော်လောက်ပဲရှိ တော့တယ်လို့ ​ပြောပါတယ်။

အကူအညီပေးရေးယာဉ်တန်းဟာ ​ဒီကနေ့မှာတော့ ​ဖားကန့်နဲ့ ​၄မိုင်လောက်ဝေးတဲ့ ​ဆိုင်းတောင်ဘက်မှာရှိတဲ့ ​စစ်ဘေးရှောင်တဲ့ဒုက္ခ သည် တွေဆီကို ​လာရောက်ကူညီပေးဖို့ရှိနေပြီး ​ဒုက္ခသည် ​တွေဟာ ​ဘုန်းကြီး ကျောင်းတွေ၊ ​ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ​ခိုလှုံနေကြတာ ဖြစ်တယ်လို့ ​ဦးယော် ​ထုန် ​က ​ပြောခဲ့တယ်လို့လည်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: