Wednesday, May 1, 2013

ဥက္ကံမြို့ပဋိပက္ခမှာ လူ၁၀ဦးဒဏ်ရာရ

ABC

ရန်ကုန်တိုင်းဒေသကြီး ​ဥက္ကံမြို့မှာရှိတဲ့ ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မွတ်စလင်လူမျိုးတွေကြား ​မနေ့က ​ပဋိပက္ခဖြစ်ခဲ့ပြီး ​လူဆယ်ယောက်လောက် ​ထိခိုက်ဒဏ်ရာ ​ရခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်မြို့တောင်ဖက်ပိုင်းနဲ့ ​မိုင်ခြောက်ဆယ်လောက်အဝေးမှာ ​ရှိတဲ့ ​ဥက္ကံမြို့မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခဟာ ​အမျိုးသမီးတဦးကနေ ​ဆွမ်းခံထွက်နေတဲ့ ​ကိုရင်လေးတပါးကို ​စက်ဘီးနဲ့တိုက်မိပြီး ​မြေပေါ်ကို ​သပိတ်ပြုတ်ကျသွားတဲ့ရာကနေ ​စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ​မြန်မာအစိုးရ ​ရုပ်မြင်သံကြားသတင်းက ​ပြောပါတယ်။

ဘာသာရေးအဆောက်အဦးတွေကို ​ခဲနဲ့ပစ်ပေါက်ပြီး ​ဈေးဆိုင်တွေကိုဖျက်စီးတဲ့လူစုတွေကို ​လုံခြုံရေးတပ်ဖွဲ့က ​သေနတ်သံပစ်ဖေါက်သတိပေးပြီး ​လူစုခွဲနိုင်ခဲ့တယ်လို့ပြောပါတယ်။ ​ဒဏ်ရာရရှိခဲ့တဲ့လူ ​ဆယ်ယောက်ထဲကရှစ်ယောက်ဟာ ​ဒဏ်ရာမပြင်းထန်ဘူးလို့လည်းဆိုပါတယ်။

မြန်မာအစိုးရရုပ်မြင်သံရဲ့ကြေညာချက်ထဲမှာ ​ဈေးဆိုင် ​နှစ်ဆယ့်ငါးလုံးနဲ့ ​မွတ်စလင် ​ဘာသာရေး ​အဆောက်အဦးတခု ​တိုက်ခိုက်ခံခဲ့ရတယ်လို့ပြောပေမယ့် ​ပဋိပက္ခနဲ့ပတ်သက်တဲ့ ​ဖမ်းဆီးမှုတွေကို ​ဖော်ပြထားခြင်းမရှိဘူးလို့လည်းသိရပါတယ်။

အခုနောက်ဆုံးဖြစ်ခဲ့တဲ့ ​ပဋိပက္ခမှာ ​သေဆုံးသူရှိမရှိဆိုတဲ့ ​သတင်းဖော်ပြထားခြင်းမရှိသေးပေမယ့် ​ပြီးခဲ့တဲ့မတ်လက ​ဖြစ်ခဲ့တဲ့ ​မိထ္ထီလာပဋိပက္ခမှာတော့ ​သေဆုံးသူ ​လေးဆယ့်သုံးယောက်ရှိတယ်လို့သိရ ​ပါတယ်။

No comments: