Tuesday, May 21, 2013

သမ္မတဦးသိန်းစိန်နဲ့ အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆံ

ABC

အမေရိကန်နိုင်ငံမြို့တော် ​၀ါရှင်တန်မှာ ​ရောက်ရှိနေတဲ့ ​မြန်မာနိုင်ငံ ​သမ္မတ ​ဦးသိန်းစိန်ဟာ ​သမ္မတ ​Barack ​Obama ​နဲ့ ​ဒီကနေ့ ​အိမ်ဖြူတော်မှာ ​တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

သမ္မတ ​Barack ​Obama ​က ​သမ္မတ ​ဦးသိန်းစိန်အနေနဲ့ ​နိုင်ငံရေးအကျဉ်းသားတွေကို ​ထပ်မံလွတ်ပေးဖို့နဲ့ ​ဒီမိုကရေစီအသွင်ပြုပြင်ပြောင်းလဲမှုကို ​ဆက်လက် ​လုပ်ဆောင်သါားမယ်လို့ ​ကတိပေးခဲ့ကြောင်းဆိုပါတယ်။

ပြီးတော့ ​သမ္မတ ​Barack ​Obama ​က ​ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခကို ​ရည်ညွန်းပြီး ​မြန်မာနိုင်ငံထဲက ​မွန်စလင်လူမျိုးတွေကို ​အကြမ်းဖက် ​တိုက်ခိုက်တာတွေကို ​ရပ်တန့်အောင် ​လုပ်ဆောင်ပေးဖို့ ​သမ္မတ ​ဦးသိန်းစိန် ​ကိုပြောခဲ့တယ်လို့ ​ဆိုပါတယ်။ ​သမ္မတဦးသိန်းစိန်နဲ့ ​သမ္မတ ​Barack ​Obama ​တို့ ​အိမ်ဖြူတော်ထဲမှာ ​တွေ့ဆုံစကားပြောနေချိန်မှာပဲ ​သမ္မတ ​ဦးသိန်းစိန်ကိုတော့ ​အပြင်မှာ ​ဆန္ဒပြကြတဲ့ ​လူတွေလည်း ​ရှိပါတယ်။

အခုလိုမျိုး ​အမေရိကန်နိုင်ငံက ​မြန်မာအစိုးရခေါင်းဆောင်ကို ​အိမ်ဖြူတော်မှာ ​ဖိတ်ခေါ်ပြီး ​တွေ့ဆုံတာဟာ ​မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခတွေကို ​အမေရိကန်နိုင်ငံအနေနဲ့ ​လှစ်လှူရှူ့နေတာဖြစ်တယ်လို့ ​တချို့က ​ဝေဖန် ​သုံးသပ်ကြပါတယ်။

အမေရိကန်နိုင်ငံကို ​ရောက်ရှိနေစဉ်အတွင်း ​သမ္မတ ​ဦးသိန်းစိန်က ​သူ့အနေနဲ့ ​တိုင်းပြည်ထဲက ​ပြုပြင်ပြောင်းလဲမှုလုပ်တဲ့နေရာမှာ ​မြန်မာအတိုက်အခံပါတီ ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကို ​နေရာပေးခြင်း ​မပေးခြင်းကို ​ပြောဆိုတာမရှိပဲ ​ပြုပြင်ပြောင်းလဲမှုရဲ့ ​ရှေ့ဆက်လုပ်ဆောင်ရမယ့်လှုပ်ငန်းတွေဟာ ​လွှတ်တော်ပေါ်မှာပဲ ​မူတည်တယ်လို့ ​အမေရိကန်နိုင်ငံအခြေစိုက် ​၀ါရှင်တန်ဖို့စ် ​သတင်းစာနဲ့ ​တွေ့ဆုံမေးမြန်းခန်မှာ ​ပြောသွားခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ​စစ်တပ်က ​လွှတ်တော်ထဲမှာ ​၂၅ ​ရာခိုင်နှုန်း ​နေရာ ​ပါနေတာကို ​လျော့ပေးမှာမဟုတ်ကြောင်း ​တပ်မတော်ဟာ ​မြန်မာနိုင်ငံလွတ်လပ်ရေးမှာ ​ကြိုးပမ်းကာကွယ်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ​အဲ့ဒါကြောင့် ​တပ်မတော်ဟာ ​မြန်မာနိုင်ငံနဲ့ ​အစိုးရအုပ်ချုပ်ရေးပိုင်းမှာ ​အထူးနေရာတခု ​အမြဲတမ်းရရှိနေမှာဖြစ်တယ်လို့ ​သမ္မတ ​ဦးသိန်းစိန်ကပြောပါတယ်။

မြန်မာနိုင်ငံက ​တရုတ်နိုင်ငံရဲ့ ​လွမ်းမိုးမှုကို ​လျော့ချချင်တာကြောင့် ​ပြုပြင်ပြောင်းလဲမှု ​လုပ်လာတာဖြစ်တယ်လို့ ​ကျွမ်းကျင်ပညာရှင် ​တော်တော်များများက ​သုံးသပ်ကြပါတယ်။ ​မကြာသေးခင်ကပဲ ​အမေရိကန်နိုင်ငံက ​မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှု ​တချို့ဖြစ်တဲ့ ​ဗီဇာတင်းကြပ်မှုတွေကိုပယ်ဖျက်ပေးခဲ့တယ်လို့ ​သိရပါတယ်။

No comments: