Monday, May 6, 2013

မြန်မာဗုဒ္ဓဘာသာတွေကို တိုက်ခိုက် လိုကြောင်း မွတ်စလင်တွေဆန္ဒပြ

ABC

ပြီးခဲ့တဲ့သောကြာနေ့က ​အင်ဒိုနီးရှားအာဏာပိုင်တွေက ​မြန်မာ ​သံရုံးကို ​ဗုံးဖေါက်ဖို့ ​ကြံရွယ်သူ ​၂ ​ဦးကို ​ဖမ်းမိခဲ့တယ်လို့ ​သတင်းထုတ်ပြန်ပြီးနောက်၊ ​ဘာသာရေးအစွန်းရောက်သူတွေ ​သံရုံး ​ရှေ့မှာ ​မြန်မာနိုင်ငံတွင်း ​မွတ်စလင်ဘာသာဝင်များ ​နှိမ်နင်းမှုကို ​ဆန့်ကျင်တဲ့ ​ဆန္ဒပြခဲ့ကြတယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့တပါတ်က ​အင်ဒိုနီးရှား ​အာဏာပိုင်တွေ ​ပြောဆိုချက်အရ ​ဗုံးဖေါက်ဖို့ ​ကြံရွယ်သူ ​၂ဦးကို ​အိမ်လုပ်ဗုံး ​၅လုံးကြောပိုးအိပ်ထဲမှာ ​တွေ့ ​ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ​အဲဒီ၂ဦးဟာ ​ရဲတွေကို ​တိုက်ခိုက်ခဲ့တဲ့ဂိုဏ်းထဲမှာ ​ပါဝင်ခဲ့သူတွေ ​ဖြစ်တယ်လို့ ​လဲ ​သိ ​ရ ​ပါတယ်။

မြန်မာသံရုံးကို ​တိုက်ခိုက်ဖို့ကြံရွယ်ထားတဲ့ ​နေ့ရက်နဲ့ ​အချိန်ကိုပြောဖို့ ​တရားခံတွေက ​ငြင်းဆိုထားတယ်လို့ ​လဲသိ ​ရ ​ပါတယ်။ ​တရားခံတွေ ​က ​မြန်မာနိုင်ငံတွင်းမှာ ​ရိုဟင်ဂျာတွေကို ​တိုက်ခိုက်ခဲ့ ​တဲ့အတွက် ​လက်စားခြေလိုတာဖြစ်တယ်လို့ ​ရဲတွေကိုပြောတဲ့ ​အကြောင်းသိရပါတယ်။

မြန်မာသံရုံးနဲ့ ​သံအမတ်ကြီးနေအိမ်ကို ​ရဲအင်အား ​၂၀၀၀လောက် ​ကာကွယ်ပေးဖို့ ​ချထားပြီး၊ ​သံရုံးရှေ့ ​မှာ ​မျက်ရည်ယိုဗုံး ​မီးသတ်ပိုက်တွေ ​တင်ဆောင်ထားတဲ့ ​ကားတွေနဲ့ ​လမ်းတွေကို ​ပိတ်ဆို့ထားတယ်လို့ ​လည်း ​သိရပါတယ်။

ရာနဲ့ချီတဲ့ ​ဆန္ဒပြသူတွေဟာ ​မွတ်စလင် ​ရိုဟင်ဂျာ ​ကယ်ဆယ်ရေး၊ ​မြန်မာနိုင်ငံတွင်း ​မျိုးတုံးသတ်ဖြတ်ရေး ​ရပ်စဲဖို့၊ ​ဘာသာရေးတိုက်ပွဲ ​ဂျီဟပ်ကိုအလိုရှိတယ်၊ ​မွတ်စလင်တွေ ​စုစည်းကြ၊ ​အရှုံးမပေးဆိုတဲ့ ​လက်ကိုင်ပိုစတာတွေ ​ကိုင်ဆောင်ထားကြတယ်လို့ ​ဆိုပါတယ်။

Islamic ​Defenders ​Front ​ အဖွဲ့ ​က ​ဥက္ကဌ ​Habib ​Rizieq ​Shihab ​က ​မြန်မာ ​နိုင်ငံနဲ့ ​သံတမန်ဆက်ဆံရေး ​ဖြတ်တောက်ပစ်ဖို့ ​အင်ဒိုနီးရှား ​သမ္မတ ​Susilo ​Bambang ​Yudhoyonoကိုတောင်းဆိုခဲ့တယ်လို့ ​ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ​ဆူမာတြာကျွန်းမြောက်ပိုင်းမှာ ​လဲ ​အလားတူ ​ဆန္ဒပြမှုတွေ ​ဖြစ်ခဲ့တယ်လို့ ​သိရ ​ပါတယ်။

ပြီးခဲ့တဲ့ ​နှစ်က ​အစွန်းရောက်မွတ်စလင် ​ခေါင်းဆောင် ​Abu ​Bakar ​Bashir ​က ​မြန်မာနိုင်ငံကို ​တိုက်ခိုက်မယ်ဆိုတဲ့အကြောင်း ​သမ္မတဦးသိန်းစိန်ကို ​စာရေးသားပေးပို့ခဲ့တယ်ဆိုတဲ့အကြောင်း ​AP ​သတင်းအရသိရပါတယ်။

No comments: