Wednesday, May 15, 2013

သျှမ်း/တောင် ကွန်ဟိန်းတွင် လေဘေးသင့် ဒုက္ခသည်များ အကူအညီလိုအပ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၌ ယခုလအတွင်း လေပြင်းမုန်တိုင်းတိုက်ခတ်ရာ အိမ်ခြေ အများအပြားနှင့် ဘုန်းကြီး ကျောင်း စာသင်ကျောင်းများပျက်စီးခဲ့ကြောင်းသိရသည်။

မေလ ၁၂ ရက်နေ့ ကတကြိမ်၊ ၁၀ ရက်နေ့က တကြိမ်နှင့် ဧပြီလ ၃၀ ရက်နေ့ကတကြိမ် စုစုပေါင်း ၃ ကြိမ်တိုက်ခတ်ခဲ့ရာ နေအိမ် ၇၅ လုံး လုံးဝ ပျက်စီးသွားခဲ့ကြောင်း ကွန်ဟိန်းဒေသခံများကဆိုပါသည်။

“ မေလအစောပိုင်းက စ ပြီး အခုတပတ်အထိ လေပြင်းသုံးကြိမ်ဝင်တယ်။ ကာလိ၊ ကျိန်းလုမ်း၊ ကျိန်းခမ်းအုပ်စုထဲမှာ အိမ်ခြေ ရာဂဏန်းပျက်စီးတယ်။ ၇၅ လုံးက လုံးဝ ပျက်စီး တယ်။ ဘုန်းကြီးကျောင်း ၃ ကျောင်း နဲ့ စာသင်ကျောင်း ၂ ကျောင်း လဲပျက်စီးတယ်။ အခုချိန်အထိ ဘယ်အဖွဲ့ ဘယ်ပုဂ္ဂိုလ်မှ လာမကူသေးဘူး။ အထူးလိုအပ်နေ တာကတော့ သောက်သုံးရေနဲ့ ဆေးဝါး ပေါ့။ မိုးရာသီလဲရောက်တော့မယ်ဆိုတော့ တည်းဖို့နေဖို့အိမ်တွေ မရှိသေးဘူး။ အဲတာ ရပ်နီးရပ်ဝေးက စေတနာရှင် တွေကနေ ကူညီချင်တယ်ဆိုရင်ပေါ့နော် ” - ဟု ကွန်ဟိန်းဘက်မှ ကျောင်းဆရာ စိုင်းဟိန်း က ပြောပါသည်။

လေပြင်းတိုက်ခတ်မှုတွင် ၁ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ကွန်ဟိန်းမြို့ခံများကပြောပါသည်။

လေပြင်းတိုက်ခတ်မှုခံရသော ကျေးရွာများမှာ ကျိန်းခမ်းအုပ်စုမှ ဝိုးလုံရွာ၊ ဟိုယန့်ရွာ၊ဟိုနားရွာ၊ နားကွန်ရွာ၊ ၀မ့်လောင်းရွာ၊ နားလရွာ၊နားမွန်းရွာနှင့် ဆိုင်းခေါင်ရွာတို့အပြင် ကာလိမြို့နယ်ခွဲရှိ ကျေးရွာအုပ်စုများလည်းထိခိုက်မှုများကြောင်း ဆိုပါသည်။

လေဘေးသင့်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့မှုပေးရန် သျှမ်းပြည်အစိုးရထံ တင်ပြဆောင်းဆိုသွားမည်ဟုလည်း ကွန်ဟိန်းပြည်သူ့လွှတ်တော်အမတ် နန်းဝါနုက ပြောသော်လည်း ယနေ့တိုင် မည်သည့်အဖွဲ့မှ လာရောက်ကူညီထောက် ပံ့ခြင်းမရှိသေးဟုလည်း ဦးပဉ္စင်းတပါးကပြော ပါသည်။

ပြည်တွင်းပြည်ပမှ စေတနာရှင်အလှူရှင်များ သဒ္ဓါတတ်အားသရွေ့ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းလည်း အဆိုပါ ဦးပဉ္စင်းက သျှမ်းသံတော်ဆင့်မှတဆင့် တိုက်တွန်းနိုးဆော်ခဲ့သည်။

ဆက်သွယ်လှူဒါန်းရန်-
Name- SHAN
Bank- Siam Commercial Bank Public Company Limit
Account No. 402-387907-6
BigC Hangdong Branch
Chiangmai, Thailand
+66 (81) 531 2837
+66(85) 717 4906

No comments: