Monday, May 13, 2013

မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦး အင်ဒိုရဲဖမ်းမိ

ABC

မြန်မာနိုင်ငံက ​လူကုန်ကူးသူ ​၂ဦးဖြစ်တဲ့ ​Hasyim ​and ​Rasyed ​ဆိုသူ ​တို့ကို ​အင်ဒိုနီးရှားရဲတွေက ​ဖမ်းစီး ​ရမိပြီလို့ ​သိရပါတယ်။

သြစတြေးလျ ​နိုင်ငံထဲမှာ ​ခိုလှုံခွင့် ​တောင်းခံလိုသူတွေကိုလူမှောင်ခို ​ကူးနေတဲ့ ​ဂိုဏ်းခေါင်းဆောင် ​ဘီလူးဆိုသူကိုလည်း ​ဖမ်းစီးရမိခဲ့ပြီလို့ ​သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ​အင်ဒိုနီးရှား ​ကမ်းလွန်မှာ ​လှေတစင်း ​နစ်မြုပ်သွားရာက ​လူပေါင်း ​၉၀ပျောက်ဆုံးသေဆုံး ​ခဲ့တဲ့ဖြစ်ရပ်မှာ ​ဦးဆောင်ခဲ့သူဖြစ်တယ်လို့ ​လည်း ​သိရပါတယ်။

အင်ဒိုနီးရှား ​ရဲတွေက ​လူပေါင်း ​၁၀၀လောက်တင်ဆောင်ထားတဲ့ ​လှေတစီးကို ​ဘီနိုဟာ ​ဆိပ်ကမ်းအနီးတဝိုက်မှာ ​မျောနေတာကို ​တွေ့ရှိခဲ့ပြီး ​လှေရဲ့ဝမ်းဗိုက်ထဲမှာ ​ပုန်းအောင်းနေတဲ့ ​ခိုလှုံခွင့်တောင်းလိုသူ ​တွေကို ​တွေ့ရှိခဲ့တာ ​ဖြစ်ပါတယ်။

စက်လှေမောင်းနှင်သူ ​Iskandar ​and ​Agus ​ဆိုသူ ​၂ဦးကိုလည်း ​ဖမ်းစီးခဲ့ပါတယ်။

လူကုန်ကူးဂိုဏ်းကို ​ဦးဆောင်နေသူကို ​ခိုလှုံခွင့်တောင်းလိုသူတွေနဲ့ ​ဂိုဏ်းထဲမှာ ​ပါဝင်ကြသူတွေက ​ဘီလူးဆိုတဲ့ ​နာမည်နဲ့သာ ​သိနေကြပြီး ​သူတို့နှစ်ဦးဟာ ​Jawed ​Muhmud ​and ​Hasan ​Bilu ​အစရှိတဲ့ ​နာမည် ​အမျိုးမျိုးလည်းရှိတယ်လို့ ​ဆိုပါတယ်။ ​တရားခံ ​ဘီလူးက ​သြစတြေးလျနိုင်ငံကို ​လှေ ​၄ ​စီးပို့ခဲ့ပြီး ​ဖြစ်တဲ့အကြောင်း ​ဝင်ခံခဲ့တယ်လို့ ​သိရပါတယ်။

သူနဲ့အတူ ​မြန်မာနိုင်ငံက ​လူကုန်ကူးသူ ​၂ဦးဖြစ်တဲ့ ​Hasyim ​and ​Rasyed ​တို့ ​ကိုလည်း ​ထိန်းသိမ်းထားပြီး ​စုံစမ်း ​စစ်ဆေး ​မေးမြန်း ​နေတယ်လို့ ​သိရပါတယ်။

No comments: