Sunday, May 5, 2013

ချင်းပြည်နယ်အတွင်း ပညာရေးဌာနအတွက် ၅၀၀၀ ခန့် အလုပ်လျှောက်

khonumthung

ယခုလတွင် ချင်းပြည်နယ်ပညာရေးဌာနအတွက် လူပေါင်း ၅၀၀၀ ခန့် အရည်အချင်း စစ်စာမေး ပွဲဖြေဆိုကြသည်ဟု သတင်းရရှိသည်။

ဧပြီလ ၉ ရက်နေ့က ဟားခါးမြို့ပေါ်မှာ ပြုလုပ်သည့် ပညာရေးဝန်ထမ်း အရည်အချင်းစစ် စာမေးပွဲ တွင် လူဦးရေ ၆၈၂ ဦး ဖြေဆိုထားကြောင်း The Hakha post တွင် ဖော်ပြထားသည်။

မူလတန်းပြဆရာအတွက် ဘွဲ့ရ ကျား ၄၅၊ မ ၁၄၅ဦး၊ မူလတန်းပြဆရာဆင့် ဆယ်တန်းအောင် ကျား ၃၁၊ မ ၉၈ ဦး ၊ ဓါတ်ခွဲခန်းအတွက် ဘွဲ့ရ ကျား ၄၊ မ ၉ ဦး၊ အထွေထွေလုပ်သားအတွက် ကျား ၁၆ ဦး စာရေးအဆင့် (၁) အတွက် ကျား ၃၁၊ မ ၁၂၀ ဦး အောက်တန်းစာရေးအတွက် ကျား ၅၉၊ မ ၁၂၄ဦး စုစုပေါင်း ၆၈၂ ဦး ဖြေဆိုကြကြောင်း ထပ်မံဖော်ပြထားသည်။

လေ့လာချက်များအရ ၀န်ထမ်းနေရာ ဘယ်နှစ်ရာ ရာထားသည်ကို သက်ဆိုင်ရာက အသေးစိပ် မကြော်ငြာကြောင်း ဟားခါးမြို့နယ် ပညာရေးဌာနတွင် ၀န်ထမ်းလစ်လပ်နေရာမရှိကြောင်း ပညာရေး ၀န်ထမ်းတဦးက ဆိုသည်။

နိုင်ငံတော်အစိုးရမှ ၀န်ထမ်းလစာ တိုးပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အစိုးရ၀န်ထမ်းတာဝန် ကို ဒေသခံများပိုမို စိတ်ဝင်စားလာကြသည်ဟု ပြောကြသည်။

ချင်းပညာတတ်လူငယ်များသည် ၀န်ထမ်းအလုပ်လက်မဲ့ ပြသနာကြောင့်၎င်း၊ ၀န်ထမ်းလစာ နည်းပါးမှုကြောင့်၎င်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကြပြီး တချို့သည် ဆိုင်ကယ် ကယ်ရီလုပ် ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုကြသည်။

ချင်းပြည်နယ်သည် ၂၀၀၆ ခုနှစ်ကတည်းက သဘာဝ ၀ါးသုဉ်းမှု ကြောင့် အစာရေစာ ငတ်မွတ်မှု ပြသာနာနှင့် ကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံရသည်။

No comments: