Wednesday, May 1, 2013

သင်္ကြန်နေ့အတွင်း မင်္သကာသူစစ်ဆေးရာမှ အိတ်ကပ်ထဲတွင် စိတ်ကြွရူးသွပ်ဆေးပြား တွေ့ရှိ

ကယားထဲ

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့ပေါ်တွင် သင်္ကြန်နေ့ရက်အတွင်း လုံခြုံရေးအဖွဲ့များ ကင်းလှည့်ရာ လမ်းပေါ်တွင် သွားလာနေကြသူများအား ရှာဖွေစစ်ဆေးရာ အသက် ၄၃ နှစ်အရွယ်ရှိ မောင်တိုးဆိုသူထံတွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်တွင် ဒီးမော့ဆိုရဲစခန်းမှ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ပါတယ်။

ရဲများရှာဖွေရာမှာ မောင်တိုး၏ အင်္ကျင်္ီယာဘက်အောက် အိတ်ကပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ပလပ်စတစ်ကော်ပါဘူး ၁ ဗူး ၊ အနီရောင်ဂက်စ်မီးခြစ် ၁ လုံး ၊ အရိုးအသွား (၁၀) လက်မ ခွဲရှိဒါးမြှောင် ၁ ချောင်းတို့ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မောင်တိုးဆိုသူမှာ ကျောက်ပန်တောင်းမြို့ ဘူတာရပ်ကွက် ၊ ဘူတာလမ်းနေ မှတ်ပုံတင်အမှတ် ၉/ကပတ(နိုင်)၀၁၆၀၄၇ အဘဖြစ်သူ ဦးအောင်သန်းရှိန်၏သား ဖြစ်ကြောင်းသိရပါတယ်။

၎င်းကိစ္စနှင့်ပတ်သက်လို့ ရဲစခန်းကနေပြီး မူးယစ် (ပ) ၂/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေအရ ၁၅/၁၆ (ဂ)ဖြင့် အရေးယူထားပြီ တရားရုံးသို့ တရားစွဲတင်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း သိရပါတယ်။

No comments: