Saturday, May 11, 2013

အိန္ဒိယ-မြန်မာ နယ်စပ်တွင် မူးယစ်ဆေးဝါး ကျပ်ငွေသန်း ၅၁၁ ဖိုး ဖမ်းဆီးခဲ့

khonumthung

၂၀၁၃ခုနှစ် မေလ (၃)ရက်နေ့ ၌ ချင်းပြည် နယ် တောင်ပိုင်း မတူပီမြို့  နယ် ဆဘောင်း သဲ ကျေး ရွာ တွင် အိန္ဒိယ နိုင်ငံ ထုတ် Pseudoephedrine ဆေးပြား ကျပ်ငွေ သန်း ၅၁၁ ဖိုးခန့် ဒေသခံ အာဏာပိုင်များက ဖမ်းဆီးခဲ့ သည်။

ဆဘောင်းသဲကျေးရွာ တပ်စခန်းရှိ တပ်မတော် သားများကအိန္ဒိယနိုင်ငံမှသယ်ယူ သည့်ဆေးပြား အလုံး ၃၆၅၀၀၀၀ ကိုဖမ်းဆီးခဲ့ကြောင်း၊ ယင်းဆေးပြားများကို မတူပီမြို့  ရဲစခန်းသို့  လွှဲပေး ခဲ့ကြောင်း ယနေ့  ထုတ် The Matupi Times သတင်းစာတွင် ဖေါ်ပြထား သည်။

“ဒီဆေးပြားများကို မတူပီ-မင်းတပ်- ပခုက္ကူမြို့  များမှ မန္တလေးမြို့ ကို သယ်ယူဖို့ ဖြစ်ပါလိမ့် မယ်။ အပေါ်လမ်းက လုံခြုံရေး ကြပ်လာတော့ ဒီဘက်လမ်းကို လာတာ” ဟု မီဇိုရမ်တွင်ရောက်ရှိ လာသည့် ဒေသခံတစ်ဦးကဆိုသည်။

ပိုင်ရှင်များဖြစ်ကြသည့် လားရှိုးမြို့ မှ U Ashi, U Shawk Kam နှင့် မင်းတပ်မြို့ မှ U Bu Mana တို့  အား Toyota Hilux Surf ကားနှင့်အတူ ဖမ်းဆီးပြီး မတူပီမြို့ တာဝန်ရှိ ရဲများက ပုဒ်မ- ၁၅/၁၀ (၈) ၁၉/(ဇ)တို့ ဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။

ချင်းပြည်နယ် မြောက်ပိုင်း အမှတ်-(၁)နှင့် (၂) အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းများတွင် Pseudoephedrine ဆေးပြားများကို အာဏာပိုင်များက မူးယစ်ဆေးဝါးကုန်သည် များထံမှ မကြာ ခဏ ဖမ်းဆီးခဲ့သော်လည်း ချင်းပြည်နယ်တောင်ပိုင်းတွင်မူ ပထမအကြိမ် ဖမ်း ဆီးခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ ကလည်း မီဇိုရမ်ပြည်နယ် မြို့ တော် အိုင်ဇောလ်တွင် ကျန်ဖိုင်းမြို့  ဘက်သို့  သယ်ယူမည့် Pseudoephedrine ဆေးပြား အလုံး သိန်း (၆၀)ကျော်ကို မီဇိုရမ် အာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

အလားတူ ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလတွင် နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ တင်ပို့ မည့် ရူပီးငွေ ၂၄ ကုဋေ (ဒေါ်လာ ၄ သန်းခွဲခန့်) တန်ဖိုးရှိ Pseudoephedrine အမျိုးအစား မူးယစ်ဆေးများနှင့် အတူ အိန္ဒိယ တပ် ဗိုလ်မှူးကြီး အဂျေး ကျော်သူရီ အား နယ်စပ်အနီးတွင် အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

No comments: