Thursday, May 16, 2013

မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ မုန်တိုင်း အန္တရာယ် စိုးရိမ်နေရ

ABC

မကြာခင် ​နာရီပိုင်းအတွင်း ​၀င်ရောက်တိုက်ခတ်တော့မယ့် ​မဟာစင် ​ဆိုင်ကလုံး ​အန္တရာယ်ကနေ ​ကင်းလွတ်အောင် ​မြန်မာနိုင်ငံနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​ထောင်ပေါင်းရာနဲ့ချီတဲ့လူတွေကို ​လုံခြုံတဲ့နေရာကိုတွေ ​ကုန်းမြင့်ပိုင်းတွေမှာ ​ပြောင်းရွေ့ကြဖို့ ​အာဏာပိုင်တွေက ​အမိန့်ပေးလိုက်ပါတယ်။

မဟာစင် ​ဆိုင်ကလုံးမုန်တိုင်းဟာ ​ရှောင်ရှားဖို့အတွက် ​တော်တော် ​ခက်ခက်တဲ့အကြောင်းနဲ့ ​အခုဆို ​ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​အာဏာပိုင်တွေကလည်း ​မြေနိမ့်ပိုင်း ​ကမ်းရိုးတမ်း ​ဒေသတလျှောက်မှာ ​နေထိုင်တဲ့လူတွေကိုလည်း ​ပြောင်းရွေ့နေပြီးဖြစ်ကြောင်းသိရပါတယ်။

မကြာခင်မှာ ​ကျရောက်တော့မယ့် ​မဟာစင် ​ဆိုင်ကလုံးမုန်တိုင်းဟာ ​အိန္ဒိယ ​အရှေ့မြောက်ပိုင်းအပါအ၀င် ​မြန်မာနဲ့ ​ဘင်္ဂလားဒေ့ရှ် ​၂နှစ်နိုင်ငံစလုံးက ​သန်းနဲ့ချီတဲ့လူတွေအတွက် ​စိုးရိမ်စရာဖြစ်နေပါတယ်။

ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့က ​ကုလသမဂ္ဂရုံး ​လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ ​အကြီးအကဲ ​Kirsten ​Mildern ​က ​သူတို့အနေနဲ့ ​မုန်တိုင်းဒဏ်ခံရမဲ့ ​ကြာသာပတေးနေ့ညနဲ့ ​သောကြာနေ့မနက်မှာ ​အခြေအနေတွေကို ​စောင့်ကြည့်နေတဲ့ ​အကြောင်း၊ ​ချစ်တစ်ကောင်းနဲ့ ​စစ်တွေမြို့က ​တချို့နေရာတွေမှာ ​မိုးရွာစတင်ရွာ ​သွန်းနေပြီလို့ ​ရေဒီယိုသြစတြေးလျကို ​ပြောပါတယ်။

တဆက်တည်းမှာပဲ ​ရခိုင်ပြည်နယ် ​ဒုက္ခသည် ​စခန်းမှာနေထိုင်နေကြတဲ့ ​ရိုဟင်ဂျာမွတ်စလင် ​တချို့က ​မုန်တိုင်းကနေ ​လုံခြုံတဲ့နေရာကိုရွေ့ပြောင်းဖို့ ​ အစိုးရက ​ညွန်ကြားတာကို ​သူတို့အနေနဲ့ ​မလက်ခံလိုကြောင်း၊ ​အစိုးရကို ​အယုံအကြည်မရှိကြောင်း ​သတင်းတွေလည်းထွက် ​ပေါ်နေပါတယ်။

No comments: