Thursday, May 2, 2013

သမ္မတဦးသိန်းစိန်နဲ့ သြစီဥပဒေပြု လွှတ်တော်ဥက္ကဌတို့ တွေ့ဆံ

ABC

မြန်မာနိုင်ငံကို ​သြစတြေးလျနိုင်ငံကပိုမိုထိရောက်တဲ့ ​အကူအညီတွေ ​ပေးနိုင်ဖို့အတွက် ​လေ့လာတဲ့အနေနဲ့ ​မနေ့က ​သမ္မတဦးသိန်းစိန်နဲ့ ​သြစတြေးလျနိုင်ငံက ​ဥပဒေပြု ​အထက်လွှတ်တော်ဥက္ကဌ ​John ​Joseph ​Hogg ​ဦးဆောင်တဲ့ ​ကိုယ်စားလှယ်အဖွဲ့တို့ ​နေပြည်တော် ​သမ္မတအိမ်မှာ ​တွေ့ဆုံစကား ​ပြောခဲ့တယ်လို့ ​သိရပါတယ်။

တွေ့ဆုံမှုအတွင်းမှာ ​မြန်မာနိုင်ငံက ​ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေနဲ့ ​စီးပွားရေး ​တိုးတက်ဆောင်ရွက်ဖို့ ​ကိစ္စတွေအပါအ၀င် ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့များနဲ့ ​အပစ်အခတ် ​ရပ်စဲရေးအတွက် ​လုပ်ဆောင်ဖို့ ​အစီအစဉ်တွေနဲ့ ​စစ်ပြေးဒုက္ခသည်တွေကို ​အကူအညီပေးရေး ​ကိစ္စတွေပါ ​ဆွေးနွေးခဲ့ကြတယ်လို့ ​မြန်မာအစိုးရ ​သတင်းစာမှာ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ​သြစတြေးလျနိုင်ငံကိုယ်စားလှယ်အဖွဲ့က ​အမျိုးသား ​လွှတ်တော်ဥက္ကဌ ​ဦးခင်အောင်မြင့်နဲ့ ​လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ​တွေ့ဆုံခဲ့ပြီး ​မြန်မာနိုင်ငံ ​လွှတ်တော်စာကြည့်တိုက်နဲ့ ​လွှတ်တော်ကိုယ်စားလှယ်တွေအရည်အသွေးမြင့်တင်ပေးရေးကိစ္စတွေကို ​ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

No comments: