Monday, May 6, 2013

မူးယစ်မှောင်ခို ၅ဦး အသေဖမ်းမိ

ABC

မြန်မာနိုင်ငံ ​ကနေ ​မူးယစ်ဆေး ​သယ်ဆောင်လာသူတွေနဲ့ ​ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေ ​တိုက်ပွဲဖြစ်ပွားခဲ့ပြီး ​လူ ​၅ ​ဦးကို ​အသေဖမ်းဆီးရမိခဲ့တယ်လို့ ​သိရပါတယ်။

မူရစ်ဆေးသယ်လာသူတွေကို ​ထိုင်းအာဏာပိုင်တွေက ​ထိုင်းနိုင်ငံမြောက်ပိုင်း ​ချင်းရိုင်း ​ခရိုင် ​မယ်ဖါ့လုံမြို့နယ်နဲ့ ​ကီလိုမီတာ ​၂၀ ​ခန့်အကွာ ​ထိုင်းမြန်မာနယ်စပ်အနီးမှာ ​လက်နက်တွေနဲ့အတူ ​မေလ ​၅ ​ရက်နေ့မှာ ​အသေဖမ်းမိခဲ့တာဖြစ်တယ်လို့ ​ထိုင်းနယ်စပ်အာဏာပိုင်တွေ ​ပြောပြချက်အရ ​သိရပါတယ်။

“၅ ​ယောက်သေတယ်၊ ​ဆေး ​အလုံး ​၇ ​သောင်းမိတယ်၊ ​နောက်တစ်ခါ ​ဟိုဟာ ​ငွေက ​ဘတ် ​တစ်သန်း ​ပါတယ်၊ ​သေနတ် ​၄ ​လက်မိတယ် ​ဒါပဲ ​ပြောတယ်။ ​သူတို့ ​ပြောတာက ​၀ ​စခန်းတွေနဲ့ ​နီးတယ်ပြောတယ်။”

မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေနဲ့ ​၁၀ ​မိနစ်ကြာ ​တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ​သူတို့ထံကနေ ​ပွိုင့် ​22 ​သေနတ်တစ်လက်၊ ​AK ​47 ​မောင်းပြန်ရိုင်ဖယ် ​သေနတ်တစ်လက်၊ ​9 ​MM ​ပစ္စတို ​သေနတ်တစ်လက်နဲ့ ​တရုတ်နိုင်ငံထုတ် ​လက်နက်တစ်လက် ​သိမ်းဆည်းရမိခဲ့ပါတယ်။ ​သေဆုံးသူ ​တွေဟာ ​ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာ ​အတိအကျ ​မသိရဘူးလို့ ​ထိုင်းအရာရှိတစ်ဦးက ​ပြောဆိုပါတယ်။

ဧပြီ ​၂၃ ​ရက်နေ့တုန်းကလည်း ​လူ ​၁၀ ​ယောက်ပါတဲ့ ​အဖွဲ့တစ်ဖွဲ့နဲ့ ​ထိုင်းမြန်မာ ​နယ်စပ်အနီးမှာပဲ ​တိုက်ပွဲဖြစ်ပွားခဲ့ပြီး ​အက်ဖက်တမင်း ​စိတ်ကြွဆေးပြား ​၉ ​၆၀၀၀၀ ​နဲ့ ​လူ ​တစ်ယောက်ကို ​အသေဖမ်းဆီးရမိခဲ့ပါတယ်။ ​ကျန်သူတွေကတော့ ​ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ​ထိုင်းနယ်စပ်အရာရှိတစ်ဦးက ​ပြောခဲ့တဲ့အကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: