Friday, May 3, 2013

သမ္မတဦးသိန်းစိန် ၀ါရှင်တန်မြို့ကိုသွားမယ်

ABC

မြန်မာနိုင်ငံတော်သမ္မတ ​ဦးသိန်းစိန်က ​မေလအတွင်းမှာပဲ ​အမေရိကန်နိုင်ငံ ​၀ါရှင်တန်မြို့ကို ​သွားရောက်လည်ပတ် ​ဖို့ရှိတယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာနိုင်ငံရေး ​ပြုပြင်ပြောင်းလဲမှုတွေ ​ပြုလုပ်လာတဲ့အပေါ်မှာ ​အမေရိကန်နိုင်ငံက ​ထောက်ခံတယ်ဆိုတဲ့ ​လက္ခာ ​ပြသတဲ့အနေနဲ့ ​အခုလိုသမ္မတဦးသိန်းစိန်ကို ​လည်ပတ်ဖို့အတွက် ​ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်အနေနဲ့ ​မြို့တော် ​၀ါရှင်တန်ကို ​မေလ ​၂၀ ​ဒါမှမဟုတ် ​၂၁ရက်နေ့မှာ ​သွားရောက်လည်ပတ်မှာ ​ဖြစ်တယ်လို့ ​အမေရိကန် ​ပြည်ထောင်စုလွှတ်တော်က ​အမည်မဖော်လိုတဲ့ ​၀န်ထမ်းတဦးက ​အေအက်ဖ်ပီ ​သတင်းဌာနကိုပြောပါတယ်။

ခရီးစဉ်အတွင်းမှာ ​အမေရိကန်သမ္မတ ​Barack ​Obama ​နဲ့ ​အိမ်ဖြူတော်မှာ ​တွေ့ဆုံဖို့ရှိတယ်လို့ ​သိရပါတယ်။ ​အိမ်ဖြူတော်က ​တာဝန်ရှိသူတွေက ​အခုခရီးစဉ်နဲ့ပတ်သက်ပြီး ​ပြောဖို့ငြင်းဆန်ခဲ့ပေမယ့် ​မကြာသေးခင်တုန်းက ​သမ္မတဦးသိန်းစိန် ​အမေရိကန်ကို ​လာရောက်မယ့်ခရီးစဉ်နဲ့ပတ်သက်ပြီး ​လာဖြစ်မလာဖြစ် ​သူတို့အနေနဲ့ ​လေ့လာခဲ့တယ်လို့ ​ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံကို ​အရင်က ​ဗမာနိုင်ငံလို့ခေါ်ဆိုခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ​မြန်မာနိုင်ငံလို့ပြောင်းလဲခေါ်ဆိုဖို့ ​စဉ်းစားနေတယ်တိုတဲ့အကြောင်း ​အမည်မဖော်လိုတဲ့ ​လွှတ်တော်က ​၀န်ထမ်းတဦးက ​ပြောပါတယ်။

အခုလာမယ့်ခရီးစဉ်ဟာ ​နှစ်ပေါင်းငါးဆယ်အတွင်း ​အမေရိကန်နိုင်ငံ ​၀ါရှင်တန်မြို့ကို ​ပထမဦးဆုံးသွားရောက်မယ့် ​မြန်မာနိုင်ငံကသမ္မတ ​တဦးဖြစ်ပါတယ်။ ​၁၉၆၆ ​ခုနှစ်တုန်းက ​အမေရိကန်သမ္မတ ​Lyndon ​Johnson ​ရဲ့ဖိတ်ခေါ်မှုနဲ့ ​မြန်မာစစ်အစိုးရခေါင်းဆောင် ​ဦးနေ၀င်းက ​၀ါရှင်တန်မြို့ကို ​သွားရောက်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်က ​သမ္မတဦးသိန်းစိန်အနေနဲ့ ​အမေရိကန်နိုင်ငံကို ​သွားရောက်ခဲ့ပေမယ့် ​New ​York ​မြို့မှာပဲ ​သွားရောက်ခဲ့ပြီး ​ကုလသမဂ္ဂ ​အထွေထွေညီလာခံကို ​တက်ရောက်ခဲ့ပါတယ်။

စစ်ဗိုလ်ချုပ် ​အစိုးရ ​ဖြစ်ခဲ့ဘူးတဲ့ ​သမ္မတဦးသိန်းစိန်ဟာ ​၂၀၁၁ခုနှစ်မှာ ​အရပ်သားအစိုးရခေါင်းဆောင်တစ်ဦးဖြစ်လာတဲ့အပေါ် ​ပြည်တွင်းပြည်ပအတွက် ​အံ့သြမှုတွေဖြစ်ခဲ့ရပါတယ်။

သမ္မတဦးသိန်းစိန် ​လက်ထက်မှာ ​နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းတွေနဲ့ ​စာပေစိစစ်ရေးတွေ ​ဖြေလျော့ပေးခဲ့တာတွေအပါအ၀င် ​ပြုပြင်ပြောင်းလဲမှုတွေ ​တော်တော်များများ ​ပြုလုပ်ခဲ့ပါတယ်။ ​မြန်မာနိုင်ငံရဲ့ ​အတိုက်အခံပါတီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ​လွှတ်တော်တွင်း ​ပါဝင် ​နေရာယူဖို့ ​ခွင့်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​နိုဝင်ဘာလတုန်းကလည်း ​အမေရိကန်သမ္မတ ​Barack ​Obama ​က ​မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲလာမှုကို ​အားပေးတဲ့အနေနဲ့ ​မြန်မာနိုင်ငံကို ​သွားရောက်လည်ပတ်ခဲ့ပါတယ်။ ​ပြုပြင်ပြောင်းလဲမှုကို ​ဆက်တက်တိုးတက် ​ဆောင်ရွက်ဖို့ ​အထူးသဖြင့် ​တိုင်းရင်းသား ​လူနည်းစုတွေအပေါ်မှာ ​ဆက်ဆံရေးတွေ ​တိုးတက်ကောင်းမွန်အောင် ​လုပ်ဆောင်ဖို့ ​အမေရိကန်သမ္မတက ​တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် ​အခု ​မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ​ရိုဟင်ဂျာပဋိပက္ခနဲ့ပတ်သက်ပြီး ​သမ္မတ ​ဦးသိန်းစိန် ​၀ါရှင်တန်မြို့ကိုသွားရောက် ​လည်ပတ်မဲ့ခရီးစဉ်အပေါ် ​အငြင်းပွားစရာဖြစ်နိုင်တယ်လို့လည်း ​ယူဆနေကြပါတယ်။

တဆက်တည်းမှာပဲ ​သမ္မတဦးသိန်းစိန်ဟာ ​ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဌကနေ ​ရပ်နားလိုက်ပြီး ​လို့သတင်းတွေ ​ထွက်ပေါ်လာ ​ခဲ့ပေမယ့် ​တချို့သတင်းတွေမှာတော့ ​ပါတီတွင်းမှာအပြောင်းအလဲမရှိပဲ ​ဥက္ကဌရဲ့လုပ်ငန်းတွေကို ​ဒု-ဥက္ကဌဖြစ်တဲ့ ​သူရဦးရွှေမန်းက ​လုပ်ဆောင်ပေးနေတယ်လို့ ​ဆိုပါတယ်။

No comments: