Saturday, May 18, 2013

မဟာစင် မုန်တိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၁၅ ဦးသေဆုံး


မဟာစင် မုန်တိုင်း ၀င်ရောက် တိုက်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ အစိုးရ အရာရှိတွေကို ကိုးကားပြီး ဒီနေ့ထုတ် New Age သတင်းစာမှာ ဖေါ်ပြပါတယ်။

ယမန်နေ့ ညနေ ၉ နာရီ အချိန်ထိ ကောက်ယူစုဆောင်း ရရှိတဲ့ စာရင်းအရ မုန်တိုင်းကြောင့် သေဆုံးသူဟာ ၁၅ ဦး ဖြစ်တယ်လို့ ပြောပါတယ်။

သေဆုံးသူတွေကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ခရိုင်တွေက ဖြစ်ကြပါတယ်။ သေဆုံးသူတွေ အထဲမှာ ဘာရ်ဂုန ခရိုင်က ၇ ယောက်၊ ဘိုလာခရိုင်က ၂ ယောက်၊ စစ်တကောင်းက တစ်ယောက် ၊ ပေါတ၀ါခါလီက ၃ ယောက် ၊ ပီရိုဂျပူရ်က တစ်ယောက် တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဟာ တစ်နာရီ ကီလိုမီတာ ၁၀၀ နုန်းနဲ့ စတင် ၀င်ရောက် တိုက်ခတ်ခဲ့ပြီး မုန်တိုင်း ကုန်တွင်းပိုင်းကို စတင် ဖြစ်သန်းချိန်မှာတော့ မုန်တိုင်းဟာ အထူး အားပျော့သွားခဲ့ပါတယ်။

ဒါကြောင့်လည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံဖို့ အထူး သက်သာရာ ရခဲ့ပါတယ်။

မုန်တိုင်း တိုက်ခတ်စဉ် အတွင်းမှာ ပင်လယ် ကမ်းခြေ ဒေသတွေမှာ ဒီရေဟာ ၆ ပေ အထိ မြှင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် သက်ကယ်မိုးအိမ် ထောင်ချီပြီး ပျက်စီးသွားခဲ့သလို သစ်ပင်တွေ အများအပြားလည်း ပြိုလဲသွားခဲ့ပါတယ်။ နွေစပါး စိုက်ခိုင်းတွေ အများအပြားလည်း လဲပြို ညွှတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

မဟာစင်တာ မုန်တိုင်းဟာ ဘင်္ဂလာ ဒေသ စံတော်ချိန် ညနေ ၄ နာရီမှာ စစ်တကောင်းနဲ့ န၀ါခါလီ မြို့အကြားကနေ ဖြတ်ကျော်ပီး အိန္ဒိယ အရှေ့မြောက်ပြည်နယ်ထဲက တစ်ခု ဖြစ်တဲ့ ထရိပူရထဲကို ၀င်ရောက်သွားခဲ့ပါတယ်။

မဟာစင်ဟာ သူစတင် မွေးဖွားရာ ဘင်္ဂလာ ပင်လယ်အော်ကနေ ကီလိုမီတာ ၁၇၀၀ ကျော် ခရီးကို ၇ ရက်ခန့် ချီတက်ပြီးနောက် အိန္ဒိယ ထရိပူရ ပြည်နယ်မှာ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်း အန္တရာယ်ကို စိုးရိမ်တဲ့ အတွက် မြန်မာနိုင်ငံမှာ လူပေါင်း တစ်သိန်းကျော်ကို ဘေးလွှတ်ရာကို ပြောင်းရွှေ့ပေးခဲ့သလို ဘင်္ဂလာဒေခ်ျ့မှာတော့ လူပေါင်း တစ်သန်းကျော်ကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

မုန်တိုင်းရဲ့ ဒဏ်ကိုတော့ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့က ခံခဲ့ကြရပါတယ်။ အထူးသဖြင့် မိုးတွေ အကြီးအကျယ် ရွာသွန်းပြီး ရေတွေ ဖုံးလွှမ်းခဲ့တဲ့ အတွက် သီရိလင်္ကာမှာလည်း အနည်းဆုံး လူ (၈) ယောက် သေဆုံးခဲ့ရပါတယ်။

No comments: