Monday, May 6, 2013

ပဋိပက္ခကြောင့် သံဃာတော်နှစ်ပါးကို ဖမ်းဆီးထား

ABC


မြန်မာနိုင်ငံ ​မြောက်ဖက်ပိုင်း ​ကချင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ဘာသာရေးပဋိပက္ခတွေကြောင့် ​ဗုဒ္ဓဘာသာသံဃာတော်နှစ်ပါးကို ​ရဲတွေကဖမ်းဆီးလိုက်ပါတယ်။

အဖမ်းခံရသူတွေကို ​စစ်ဆေးမေးမြန်းနေတုန်းဖြစ်ပြီး ​သက်သေအထောက်အထား ​ခိုင်လုံရင်တော့ ​အရေးယူသွားမှာဖြစ်တယ်လို့ ​ကချင်ပြည်နယ်က ​အမည်မဖော်လိုတဲ့ ​ရဲအရာရှိတဦးက ​ပြောပါတယ်။

ကချင်ပြည်နယ်က ​မွတ်စလင်အမျိုးသမီးတဦးဖြစ်တဲ့ ​အသက် ​၄၆နှစ်အရွယ် ​မိုးမိုးလွင်ရဲ့ ​ပြောပြချက်အရ ​ညနေပိုင်းအချိန်လောက်မှာ ​လူသုံးဆယ်လောက် ​ရွာထဲကိုရောက်လာပြီး ​သူတို့ရဲ့ဈေးဆိုင်နဲ့ ​နေအိမ်တွေကို ​ခဲနဲ့ပစ်ပေါက်ခဲ့ပါတယ်။

သူတို့အနေနဲ့ ​အဖျက်ခံရတဲ့ဈေးဆိုင်နဲ့နေအိမ်တွေကို ​ရပ်ကြည့်ယုံကလွဲပြီး ​ဘာမှပြန်လည် ​မတုံ့ပြန်နိုင်ခဲ့ကြောင်း၊ ​အခုလောလောဆယ်ဆယ်မှာ ​ရှောင်တိမ်းနေရကြောင်းနဲ့ ​ရှေ့ဆက်ဘယ်လို ​ဆက်နေသွားရမလဲဆိုတာ ​မသိရသေး ​ကြောင်း၊ ​အခုဖြစ်ခဲ့ကိစ္စဟာ ​အပြင်လူတွေကနေလာပြီး ​ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ​ဆိုပါတယ်။ ​အဲ့ဒီဒေသနဲ့နီးတဲ့ ​ဗုဒ္ဓဘာသာဝင်ရွာကလူတွေကလည်း ​နေရာသုံးနေရာမှာရှိတဲ့ ​မွတ်စလင်ဈေးဆိုင်နဲ့ ​နေအိမ်တွေဖျက်ဆီးခံခဲ့ရတယ်လို့ ​အတည်ပြုပြောဆိုခဲ့ပါတယ်။

အခုဖြစ်ခဲ့တဲ့ပဋိပက္ခဟာ ​ကချင်တိုင်းရင်းသား ​ခရစ်ယာန်ဘာသာဝင် ​အများစုနေထိုင်တဲ့နေရာမှာ ​ပထမဦးဆုံးအကြိမ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​မတ်လကစပြီး ​ဘာသာရေးပဋိပက္ခတွေ ​ဖြစ်ပွားခဲ့ပြီး ​မိထ္ထီလာမှာ ​ဖြစ်ခဲ့တဲ့ပဋိပက္ခမှာ ​လူ ​၄၃ဦးသေဆုံးခဲ့ပါတယ်။ ​အကြာသေးခင်က ​ဥက္ကံမြို့မှာဖြစ်ခဲ့ပဋိပက္ခမှာတော့ ​လူ ​တစ်ဦးသေဆုံးခဲ့ပြီး ​ဆယ်ဦးဒဏ်ရာရခဲ့ပါတယ်။ ​ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေမှာ ​ဗုဒ္ဓဘာသာသံဃာတော်တချို့ ​ပါဝင်နေတယ်လို့ ​လေ့လာသူတွေက ​ယူဆနေကြပါတယ်။

No comments: