Thursday, May 9, 2013

ကိုနေမျိုးဇင်ကို ထောင်ဒဏ် ၆နှစ်ထပ်မံတိုး

ABC

မြန်မာအစိုးရက ​အမျိုးသားဒီမိုကရေစီ ​အန်အယ်လ်ဒီ ​အဖွဲ့ဝင်တဦးကို ​မနေ့က ​ထောင်ဒဏ်သက်တမ်းတိုးလိုက်တယ်လို့သိရပါတယ်။

ကိုနေမျိုးဇင်ကို ​ပြင်ပမှာအခြေစိုက်တဲ့ ​ဒီမိုကရက်တစ်မြန်မာ့အသံကို ​သတင်းရေးပို့ပေးမှုနဲ့ ​အရင်ကထောင်ဒဏ် ​ဆယ်နှစ်ကျခံခဲ့ရပါတယ်။ ​ပစ်ဒဏ်တစ်နှစ် ​မပြည့်ခင်မှာပဲ ​လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပြီး ​ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အကြာသေးခင်က ​ဧရာဝတီတိုင်း ​ပန်းနော်မြို့မှာ ​လယ်မြေပိုင်ဆိုင်မှုပြသနာနဲ့ ​လယ်သမားတွေကို ​ကူညီခဲ့ရာကနေ ​ဆွဲချက်တင်ခံခဲ့ရပြီးနောက် ​ထောင်ဒဏ်သုံးလကျခံခဲ့ပြီး ​ပြန်လွတ်လာခါနီးမှာပဲ ​အခုလို ​ထောင်ဒဏ်သက်တမ်းတိုးခံလိုက်ရတာဖြစ်ပါတယ်။

အန်အယ်လ်ဒီအဖွဲ့ဝင်တဦးလည်းဖြစ် ​စစ်တပ်အရာရှိဟောင်းလည်းဖြစ်တဲ့ ​ကိုနေမျိုးဇင်ဟာ ​ရဲတွေကိုဂုဏ်သိက္ခာကျဆင်း ​အောင်ပြုလုပ်ခဲ့တဲ့အကြောင်းနဲ့ ​အခုလို ​နောက်ထပ် ​ထောင်ဒဏ်ခြောက်နှစ်သက်တမ်းတိုးခံလိုက်ရတယ်လို့ ​ဆိုပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့စဉ်က ​နောက်ထပ်ပစ်မှုကျူးလွန်ခဲ့ရင် ​ကျန်ရှိနေခဲ့တဲ့ပစ်ဒဏ်တွေကို ​ထပ်မံကျခံဖို့ ​၀န်ခံကတိ ​လက်မှတ်ရေးထိုးခဲ့ပါတယ်။

No comments: