Monday, May 20, 2013

သမ္မတဦးသိန်းစိန် အိမ်ဖြူတော်မှာ ဒီနေ့စကားပြောမယ်

ABC

မြန်မာနိုင်ငံ ​သမ္မတ ​ဦးသိန်းစိန်က ​အမေရိကန်နိုင် ​မြို့တော် ​၀ါရှင်တန်ကို ​ရောက်ရှိနေပြီး ​လို့သိရပါတယ်။

မြန်မာနိုင်ငံ ​အစိုးရခေါင်းဆောင်တဦးအနေနဲ့ ​နှစ်ပေါင်း ​ငါးဆယ်အတွင်း ​အမေရိကန်နိုင်ငံရဲ့ ​မြို့တော်ကို ​ပထမဦးဆုံး ​ရောက်ရှိခဲ့တဲ့ ​အစိုးရ ​ခေါင်းဆောင်တဦးဖြစ်ပါတယ်။

စစ်တပ်ကအရာရှိဟောင်းဖြစ်တဲ့ ​သမ္မတ ​ဦးသိန်းစိန်ဟာ ​ဒီကနေ့ ​အိမ်ဖြူတော်မှာ ​စကားမပြောခင် ​၀ါရှင်တန်မြို့ကိုရောက်ခဲ့တဲ့ ​တနင်္ဂနွေနေ့မှာ ​သီးသန့် ​တွေ့ဆုံမှုတွေလုပ်ခဲ့တယ်လို့ ​သိရပါတယ်။

အမေရိကန်သမ္မတ ​ဘရက်အိုဘားမားက ​ပြီးတဲ့နှစ် ​နိုဝင်ဘာလတုန်းက ​မြန်မာနိုင်ငံကို ​သွားရောက်လည်ပတ်ခဲ့ပြီး ​အမေရိကန်နိုင်ငံက ​မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ​အရေးပါတဲ့ ​ဒဏ်ခတ် ​ပိတ်ဆို့မှုတော်တော်များများကို ​ဖယ်ရှားပေးခဲ့ပါတယ်။

အမေရိန်ကန်နိုင်ငံ ​မြို့တော်ဝါရှင်တန်မှာ ​ရှိတဲ့ ​အိမ်ဖြူတော်ကို ​ပထမဦးဆုံး ​ရောက်ရှိခဲ့တဲ့ ​မြန်မာနိုင်ငံက ​ခေါင်းဆောင်ကတော့ ​ဆိုရှယ်လစ်ခေါင်းဆောင်ဖြစ်တဲ့ ​ဗိုလ်ချုပ်နေ၀င်းဖြစ်ပြီး ​၁၉၆၆ခုနှစ်တုန်းက ​ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အခုလိုသမ္မတဦးသိန်းစိန် ​မြို့တော်ဝါရှင်တန်ကို ​ရောက်ရှိနေချိန်မှာပဲ ​ပြည်ပရောက် ​မြန်မာ့အရေး ​လှုပ်ရှားသူတွေကလည်း ​သူ့ကို ​ဆန္ဒပြသွားဖို့ရှိတယ်လို့ ​သိရပါတယ်။

No comments: