Friday, May 24, 2013

အင်ဒိုက မြန်မာသံရုံး ဗုံးခွဲဖို့ စီစဉ်တဲ့ ခေါင်းဆောင် ရဲဖမ်းမိ

ABC

အင်ဒိုနီးရှားနိုင်ငံမှာ ​ရှိတဲ့ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ ​စီစဉ်ခဲ့တဲ့ ​အဓိကခေါင်းဆောင်လို့ ​ယူဆရသူနဲ့ ​ဗုံးပြုလုပ်သူလို့ ​ယူဆရသူတွေကို ​အင်ဒိုနီးရှားရဲတွေက ​ဖမ်းဆီးလိုက်ပါတယ်။

ခေါင်းဆောင်လို့ ​ယူဆရတဲ့ ​Sigit ​Indrajit ​ကို ​ဗုဒ္ဓဟူးနေ့မှာ ​ဖမ်းဆီးတာဖြစ်ပြီး ​ဗုံးပြုလုပ်သူလို့ ​သံသယရှိသူ ​Rohadi ​ကိုတော့ ​မနေ့ကပဲ ​ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ​Rohadi ​ကို ​ဖမ်းဆီးတဲ့အခါ ​သူ့ရဲ့နေအိမ်မှာ ​ဓာတ်မြေသြဇာအပါအဝင် ​တခြား ​ဗုံးပြုလုပ်တဲ့ ​ပစ္စည်းတွေပါ ​တွေ့ရှိခဲ့တယ်လို့ ​ဆိုပါတယ်။

မေလ ​၂ရက်နေ့တုန်းကလည်း ​မြန်မာသံရုံးကို ​တိုက်ခိုက်ဖို့ ​ဦးတည်ခဲ့တဲ့ ​လူနှစ်ယောက်ကို ​အင်ဒိုနီးရှားရဲတွေက ​ဖမ်းဆီးလိုက်ပြီး ​သူတို့နဲ့အတူ ​ရေပိုက်နဲ့ ​ပြုလုပ်ထားတဲ့ ​လက်လုပ်ဗုံး ​၅ ​လုံးကို ​ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ​အင်ဒိုနီးရှားနိုင်ငံမှာ ​အကြမ်းဖက်နှိမ်နှင်းမှု ​လုပ်ငန်းတွေ ​ပိုမိုလုပ်ကိုင်ခဲ့ပြီး ​အကြမ်းဖက်သမားလို့ ​ယူဆရသူ ​လူ ​၈ ​ဦး ​သေဆုံးခဲ့ရသလို ​လူပေါင်း ​၂၀ ​ကျော်ကို ​ဖမ်းဆီးမှု ​လုပ်ခဲ့ပါတယ်။

ခုအခါမှာတော့ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ ​ကြိုးကိုင်စီစဉ်သူကို ​ဖမ်းမိတာလို့ ​အင်ဒိုနီးရှား ​အကြမ်းဖက်သမားတိုက်ဖျက်ရေး ​ရဲအရာရှိ ​Rafli ​Anmar ​က ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မူစလင်လူမျိုးတွေအကြား ​ပဋိပက္ခတွေ ​ဖြစ်ပေါ်ပြီးနောက်ပိုင်း ​မြန်မာနိုင်ငံအစိုးရကို ​မကျေနပ်တဲ့ ​အင်ဒိုနီးရှားနိုင်ငံသားတွေ ​ပိုများပြားလာတယ်လို့လည်း ​သိရပါတယ်။

No comments: