Friday, May 24, 2013

ဂျပန်က မြန်မာကို ဒေါ်လာ ၁ ဘီလီယံ နီးပါးပေးမယ်

ABC

မြန်မာနိုင်ငံဖွံ့တိုးတက်မှုအတွက် ​ဂျပန်နိုင်ငံက ​ဒေါ် ​၁ ​ဘီလီယံ ​နီးပါး ​အကူအညီပေးမယ်လို့ ​ဂျပန် ​၀န်ကြီးချုပ် ​ရှင်ဇိုအာဘေက ​ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ ​ဒီကနေ့ ​ရောက်ရှိမယ့် ​ဂျပန်ဝန်ကြီးချုပ် ​ရှင်ဇိုအာဘေ ​ဟာ ​နှစ်ပေါင်း ​၃၅ ​နှစ်အတွင်း ​မြန်မာနိုင်ငံကို ​ပထမ ​ဦးဆုံးလာရောက်တဲ့ ​ဂျပန်ဝန်ကြီးချုပ်ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုက်မှုနဲ့ ​အခြေခံ ​အဆောက်အဦး ​လိုအပ်ချက်တွေအပြင် ​တနိုင်ငံလုံး ​လိုအပ်နေတဲ့ ​လျှပ်စစ်မီးတွေအတွက် ​ဂျပန်နိုင်ငံ ​အကြီးမားဆုံး ​ဒေါ်လာ ​၁ ​ဘီလီယံ ​အကူအညီပေးမယ်ဆိုတာ ​မြန်မာနိုင်ငံအပေါ် ​ဂျပန်ကခြေတလှမ်းတိုးလက်တဲ့ ​သဘော ​သက်ရောက်မှာဖြစ်တယ်လို့ ​လေ့လာသူတွေကဆိုပါတယ်။

ရှင်ဇိုအာဘေရဲ့ ​မြန်မာနိုင်ငံကိုလာတဲ့ ​ခရီးစဉ်ဟာ ​သုံးရက်ကြာမှာဖြစ်ပြီး ​ဒေသတွင်းနဲ့ ​လုံခြုံရေးကိစ္စတွေကို ​ပိုမိုဆွေးနွေးသွားဖို့ရှိတယ်လို့ ​သိရပါတယ်။

ဂျပန်က ​ရေတပ်သင်္ဘောသုံးစီး ​မြန်မာနိုင်ငံဆိပ်ကမ်းကို ​လာမယ့် ​အောက်တိုဘာလကြရင် ​ရောက်လာမဲ့အကြောင်းနဲ့ပတ်သက်ပြီး ​မြန်မာနိုင်ငံအပေါ် ​စီးပွားရေးအရရော ​နိုင်ငံရေးအရပါ ​သြဇာကြီးခဲ့တဲ့ ​တရုတ်နိုင်ငံကတော့ ​အခုရှင်ဇိုအာဘေ ​ရဲ့မြန်မာ ​ပြည်ခရီးစဉ်ကို ​နီးနီးကပ်ကပ် ​စောင့်ကြည့်လေ့လာမှာဖြစ်တယ်လို့ ​လေ့လာသူတွေက ​သုံးသပ်နေကြပါတယ်။

No comments: