Monday, May 20, 2013

အစိုးရနဲ့ကေအိုင်အိုတို့ မေလ ၂၈ရက်နေ့မှာ ထပ်တွေ့မယ်

ABC

အစိုးရငြိမ်းချမ်း ​ရေး ​ဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီနဲ့ ​ကချင်လွတ်လပ်ရေးအဖွဲ့ ​KIO ​တို့နှစ်ဘက် ​အဖွဲ့ ​တွေအကြား ​လာမဲ့မေလ ​၂၈ရက်နေ့ကျရင် ​ကချင်ပြည်နယ် ​မြစ်ကြီးနားမြို့မှာ ​တွေ့ဆုံဆွေးနွေးနိုင်ဖို့ ​သဘောတူညီ ​မှုရရှိသွားပြီလို့ ​သိရပါတယ်။

အရင်တခေါက်က ​နှစ်ဘက်အဖွဲ့တွေကြား ​ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ​မြစ်ကြီးနားမြို့မှာ ​ဧပြီလ ​၆ရက်နေ့ ​တွေ့ဆုံဆွေးနွေးဖို့ ​ပြင်ဆင်ထားပေမဲ့ ​အဆင်မပြေမှုတွေကြောင့် ​ဆွေးနွေးပွဲရက်ရွေ့ဆိုင်းခဲ့ပြီးနောက် ​အခုတခါ ​ထပ်မံတွေ့ဆုံနိုင်ဖို့အတွက် ​နှစ်ဘက်အဖွဲ့တွေ ​သဘောတူညီခဲ့ကြတာ ​ဖြစ်ပါတယ်။

KIO ​နဲ့ ​အစိုးရအဖွဲ့တွေကြား ​တွေ့ဆုံဆွေးနွေးမဲ့ ​အသေးစိတ် ​အချက်အလက်တွေကိုတော့ ​ညှိနှိုင်းနေဆဲဖြစ် ​တယ် ​လို့ ​ ငြိမ်းချမ်းရေး ​အကျိုးတော်ဆောင် ​တဦးဖြစ်တဲ့ ​ဦးလှမောင်ရွှေက ​အခုလိုပြောပါတယ်။

"၂၈ရက်နေ့နဲ့ ​ကျနော်တို့လုပ်မဲ့နေရာမြစ်ကြီးနားတခုတော့ ​သေချာပါပြီ၊ ​ကျန်တဲ့အချက်အ ​လက်တွေတော့ ​အသေးစိတ်တော့ ​၀န်ကြီးဦးအောင်မင်းတို့နဲ့ ​ဆက်ပြီးညှိနှိုင်းနေပါတယ်၊ ​ပြီးခဲ့တဲ့အပတ်ရွှေလီမှာ ​ကျနော်တို့ဆွေးနွေးခဲ့တုန်းက ​နှစ်ဖက်ထုတ်ထားတဲ့ ​စည်းဝေးဆုံးဖြတ်ချက်တွေရှိတယ်၊ ​အစိုးရအဖွဲ့အနေနဲ့လည်း ​political ​ဒိုင်ယာလော့ကို ​သွားတော့မယ်လို့ ​ဂတိပေးထားတာဖြစ်တဲ့အတွက်လည်း ​ဒီ ​political ​ဒိုင်ယာလော့ကို ​ရောက်ဖို့အတွက် ​လိုအပ်တဲ့အချက်အလက်တွေပေါ့ ​ဒီမှာဆွေးနွေးနိုင်မယ်လို့ ​မျှော်လင့်ထားတယ်။ ​" လက်ရှိအခြေအနေမှာ ​KIA ​တပ်မဟာ ​၄နယ်မြေထဲမှာ ​ဖြစ်ပွားနေတဲ့ ​တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ​ဆွေးနွေး ​နိုင်တယ်လို့ ​သိရပြီး ​တကယ်လို့ ​ဒီတကြိမ်တွေ့ဆုံဖြစ်မယ်ဆိုရင် ​အစိုးရနဲ့ ​KIO ​အဖွဲ့တွေကြား ​၈ကြိမ်မြောက် ​တွေ့ဆုံတာဖြစ်ပြီး ​ပထမဆုံးအကြိမ် ​မြန်မာနိုင်ငံ ​ ပြည်တွင်းမှာ ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။

ဒီတခေါက်ဆွေးနွေးပွဲမှာ ​UNFC ​လို ​အဖွဲ့အစည်းတွေအနေနဲ့ ​တက်ရောက်လာနိုင်ပေမဲ့ ​ပြင်ပလေ့လာစောင့် ​ကြည့်တဲ့အဖွဲ့အစည်းတွေ ​တက်ရောက်မယ် ​မတက်ရောက်ဘူးဆိုတာတော့ ​မသိရသေးဘူးလို့ ​ဦးလှမောင်ရွေ ​က ​ပြောပါတယ်။

"ကျနော့်အနေနဲ့ ​အသေးစိတ်တော့ ​မသိပါဘူး၊ ​ဒါပေမဲ့လို့ ​ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ​ကော်မတီအနေနဲ့ ​ယျေဘူယျအားဖြင့်တော့ ​နိုင်ငံတကာ ​observer ​တွေကို ​အစိုးရဘက်ကတော့ ​ခုချိန်ထိ ​ဖိတ်ထားတာမရှိပါဘူး၊ ​ဒါပေမဲ့ ​တိုင်းရင်းသားတွေဘက်က ​ဖိတ်တဲ့ဟာကိုတော့ ​ယေဘူယျအားဖြင့်တော့လည်း ​လက်ခံလေ့ရှိတဲ့အတွက် ​KIO ​ဘက်က ​ဖိတ်မဲ့ ​အခြား ​observer ​တွေကိုတော့ ​ကျနော်တို့ ​မသိဘူး၊ ​UNFC ​တို့ ​လိုမျိုး ​မဟာမိတ်အဖွဲ့တွေကိုတော့ ​ဖိတ်လေ့ဖိတ်ထရှိတဲ့အတွက် ​အဲဒီလူတွေကတော့ ​တက်မယ်လို့ ​မျှော်လင့် ​ပါတယ်။ ​"
ဧပြီလ ​၆ရက်နေ့က ​မြစ်ကြီးနားမြို့မှာတွေ့ဆုံဖို့ ​ရက်ရွှေ့ဆိုင်းလိုက်တဲ့ ​ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ​တရုတ်နိုင်ငံ၊ ​အမေရိကန်နိုင်ငံ၊ ​ကုလသမဂ္ဂ ​အဖွဲ့အစည်းတွေ၊ ​UNFC ​အဖွဲ့ဝင်တွေနဲ့ ​UNFC ​အဖွဲ့ဝင် ​မဟုတ်တဲ့ ​လက်နက်ကိုင်အဖွဲ့အစည်းတွေကို ​ဆွေးနွေးပွဲလေ့လာစောင့်ကြည့်ဖို့ ​ဖိတ်ကြား ​ခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: