Wednesday, May 8, 2013

ဝ တပ်ဖွဲ့ကို စစ်လက်နက် ပို့ပေးမှု တရုတ် ငြင်းဆို

ABC radio

မြန်မာနိုင်ငံ အခြေစိုက် တရုတ် သံရုံးက တရုတ် နိုင်ငံ ကနေ မြန်မာ နိုင်ငံထဲကို စစ်လက်နက်တွေ သယ်ပို့ ပြောင်းရွေ့ခဲ့တဲ့ သတင်းတွေဟာ မှန်ကန်မှု မရှိဘူး ဆိုပြီး သတင်း ထုတ်ပြန် ခဲ့ပါတယ်။

သတင်း ထုတ်ပြန်ချက် ထဲမှာ တရုတ်နိုင်ငံကနေ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို စစ်လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေ ရောင်းချခဲ့တယ် ဆိုတဲ့ သတင်းကို မြန်မာ eleven news ကဖေါ်ပြခဲ့တဲ့ အကြောင်း၊ ဒီသတင်းမှာ တရုတ်နိုင်ငံကို စွပ်စွဲဖေါ်ပြထားတဲ့ အကြောင်း၊ ဒီသတင်းနဲ့ ပတ်သက်ပြီး တရုတ် သံရုံးကနေ ကျေနပ်မှု လုံးဝမရှိတဲ့ အကြောင်း၊ ပြီးခဲ့တဲ့ နှစ်ကလည်း ဒီ thinktank အဖွဲ့ ကဘဲ အလားတူ သတင်းတွေ ထုတ်ပြန်ခဲ့ တာတွေဟာ၊ အရင်းအမြစ် မရှိတဲ့ သတင်းတွေ ဖြစ်တဲ့ အကြောင်း၊ မြန်မာပြည်တွင်း နဲ့ နိုင်ငံရပ်ခြားမှာ ရှိတဲ့ မြန်မာတွေကို ထင်ယောင် ထင်မှား ဖြစ်စေတာ ဖြစ်တဲ့ အကြောင်း၊ မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာမှာ တတပ်တအား ကြိုးပမ်းပေး နေမှုတွေကို ပယ်ပျက်စေတယ် လို့လည်း ကြေညာချက်ထဲမှာ ပါရှိပါတယ်။

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကလည်း ရဟတ်ယာဉ်တွေ ရောင်းချ ခဲ့တယ် ဆိုတဲ့ သတင်းဟာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့တယ်လို့လဲသိရပါတယ်။

အိန္ဒိယ နိုင်ငံထုတ် သတင်း india Express သတင်းထဲမှာတော့ တရုတ်နိုင်ငံကနေ ဒီသတင်းတွေကို မဟုတ်မမှန်တဲ့ အကြောင်း ငြင်းဆိုခဲ့ပေမဲ့၊ တရုတ်နိုင်ငံ ကနေ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို ထောက်ပံ့ ပေးနေတာတွေဟာ မြန်မာ အစိုးရကို တရုတ်နိုင်ငံ ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုတွေ အပေါ် ထိပါး လာမှုတွေကို သတိပေး ရာရောက်တယ်လို့ ဆိုပါတယ်။

Eleven news သတင်း ဝဗ်ဆိုက် ပေါ်မှာ တရုတ်သံရုံး ရဲ့ထုတ်ပြန်ချက်ကိုလဲ ပြန်လည် ချေပ ထားပါတယ်။ တရုတ် သံရုံးထုတ် သတင်းထုတ်ပြန်ချက်ပါ အချက် အလက်တွေဟာ သတင်းကို အပြီးတိုင် မဖတ်ရှုဘဲ တဖက်သတ် စွပ်စွဲချက်တွေ ဖြစ်တဲ့ အကြောင်း၊ တရုတ် သံရုံး အနေနဲ့ ဒီသတင်း ကြောင့် မြန်မာတွေကို ထင်ယောင် ထင်မှား ဖြစ်စေ နိုင်တယ် ဆိုတာလုံးဝ မမှန်ကန်ဘူး လို့ တုန့်ပြန် ထားပါတယ်။

ဒါကြောင့်လဲဘဲ တရုတ် သံရုံး သတင်းထုတ်ပြန်ချက်ဟာ သတင်း လွတ်လာစွာ ထုတ်ဖေါ်ပိုင်ခွင့်ကို ထိပါးစေတဲ့ အချက်တွေကို အပြင်းအထန် ကန့်ကွယ်တယ်လို့ တုန့်ပြန် ထားပါတယ်။

No comments: