Thursday, May 2, 2013

ဒေါက်တာထွန်းအောင်အား အမြန်ဆုံးထောင်ထဲမှ ပြန်လွှတ်ပြီး ရခိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါင်းဆောင် အဖြစ် ခန့်အပ်ရန် ကင်တေးနားတောင်းဆို

နိရဉ္စရာ

မန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ် ကင်တေးနားမှ ထောင်ထဲတွင် ရောက်ရှိနေသော မောင်တော အကြမ်းဖက်မူကို စီစဉ်ခဲ့သူဟု စွပ်စွဲခံထားရသူမွတ်ဆလင် ခေါင်းဆောင် ဒေါက်တာ ထွန်းအောင်အား အမြန်ဆုံး ပြန်လွတ်ပြီး ရခိုင်နှင့် မူဆလင်များအကြား စေ့စပ်ရေး ဆွေးနွေးမူ ပြုလုပ်ရာတွင် ခေါင်းဆောင်အဖြစ် ခန့်အပ်ရန် တောင်းဆို လိုက်သည်။

မေလ (၁) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော Myanmar / Rakhine Commission: “Positive starting point but Government must address impunity” – UN expert တွင် ထိုသို့ ထောင်းဆိုထားခြင်း ဖြစ်သည်။

ကင်တေးနားမှ ဒေါက်တာ ထွန်းအောင်မှာ ထိုကဲ့သို့ လူမျိုးနှစ်ခုအကြား စေ့စပ် ဆွေးနွေးပွဲကို ဦးဆောင် ဦးရွက် ပြုလုပ်နိုင်သူများထဲမှ တစ်ဦး ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းပြင် ကင်တေးနားက ရခိုင် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ ရခိုင်ပြည်နယ် အတွင်းရှိ ဘာသာ လူမျိုး မတူသော လူမျိုးများ အကြား အပြန်အလှန် ယုံကြည်မူနှင့် နားလည်မူကို တည်ဆောက်ရန် အတွက် တစ်ဘက်နှင့် တစ်ဘက် ပြောဆိုဆွေးနွေးမူများ ပြုလုပ်ရန် လိုအပ်သည်ဟု ဆိုသော အချက်ကို ထောက်ခံကြောင်း ပြောဆိုသည်။

ထိုသို့ ပြောဆိုပြီး ကင်တေးနားက ဆက်လက် ပြောဆိုရာတွင် ထိုကဲ့သို့ စနစ်တကျ စေ့စပ်ဆွေးနွေးပွဲများပြုလုပ်ရာတွင် ဒေသဆိုင်ရာ အဆင့် ခေါင်းဆောင်များ ပါဝင်ရန် လိုအပ်ကြောင်း၊ ထိုခေါင်းဆောင်များထဲတွင် ထောင်ထဲမှ လွှတ်ပေးလိမ့်မည်ဟု သူမျှော်လင့်နေသော ဒေါက်တာ ထွန်းအောင်မှာ ထိုကဲ့သို့ အရည်အချင်းရှိသော ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်ကြောင်း ဆိုသည်။

ရခိုင်အမျိုးသားများကမူ ဒေါက်တာထွန်းအောင်ကို ဘာသာရေးအရ သွေးထိုး လုံ့ဆော်နေသူ တစ်ဦးအဖြစ် သဘောထားကြပြီး မောင်တောမြို့တွင် ဇွန်လ ၈ ရက်က ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မူကိုလည်း ဦးဆောင်ခဲ့သည်ဟု မြင်နေကြသည်။

ထိုကဲ့သို့ ရခိုင်လူမျိုးများမှ အမြင်ရှိနေသူ ဒေါက်တာထွန်းအောင်အား ငြိမ်းချမ်းရေး ဗိသုကာ အဖြစ် သတ်မှတ်ပြီး ရခိုင်ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် ဦးဆောင်မူ အခန်းကဏ္ဍမှ ပါဝင်ရန် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တေးနားက တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာထွန်းအောင်မှာ မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မူနှင့် ပတ်သက်ပြီး ထောင် (၈) နှစ် ကျော် ချမှတ် ခံထားရသည်။

No comments: