Wednesday, May 15, 2013

CDN မှ ဒုက္ခသည်စခန်းများအတွက် အိမ်သာတွင်းများကို ကွန်ကရစ်ခွေ (၅)ခွေနှင့် သတ်မှတ်ထားသော်လည် လက်ရှိတွင် (၂)ခွေဖြင့်သာ ဆောက်ပေးထား

မိုးဇော်

လွန်ခဲ့သည့်နှစ်က ပဋိပက္ခတစ်ခုကြောင့် ဒုက္ခရောက်နေကြသော ရခိုင်ဒုက္ခသည်စခန်းများအတွက် Consortium Danish NGOs (CDN) က အိမ်သာတွင်းများကို စံချိန်စံနှုန်းအရ ကွန်ကရစ်ခွေ(၅)ခွေဖြင့် တည်ဆောက်ပေးမည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိတွင် ကွန်ကရစ်ခွေ(၂)ခွေဖြင့်သာ တည်ဆောက်ပေးထားကြောင်း သတင်းရရှိသည်။

မိုးတွင်း၌ ရေမဝင်ရအောင်၊ ဝမ်းရောဂါ မဖြစ်ပွါးရအောင် ကာကွယ်နိုင်သည့် ရည်ရွယ်ချက်ဖြင့် အိမ်သာအဟောင်းများကိုCDN ၏ စံချိန်စံနှုန်းအရ သတ်မှတ်ဒီဇိုင်းနှင့် ကွန်ကရစ်ခွေ(၅)ဖြင့် တည်ဆောက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

" ကျနော်တို့ ဒုံးတိုက်ကွင်းမှာဆိုရင် အိမ်သာအဟောင်းတွေကို ကွန်ကရစ်ခွေ ငါးခွေနဲ့ဆောက်ပေးမယ်ဆိုလို့ပြောပြီး တကယ်တော့ နှစ်ခွေနဲ့ပဲဆောက်ပေးပါတယ်။ အဲဒီ CDN က အိမ်သာဟောင်းဖြစ်တဲ့ ဝါးတွင်းအိမ်သာအပေါ်မှာပဲ တင်ထားတယ်။ လူတွေမမြင်ရအောင်လို့ မြေဖုံးထားခဲ့ပါတယ်။ သိပ်မကြာပါဘူး မိုးတကြိမ်ရွာတာနဲ့ မြေကပျော်သွားတာပေါ့။ ဆိုတော့ ဝါးခွေတွေက ကွန်ကရစ်ခွေအလေးကို မခံနိုင်တာနဲ့ ပြိုကျလာတယ်။ ပိုက်တွေ ပြုတ်ထွက်သွားတယ်။ မိုးများများရွာတာနဲ့ အိမ်သာတွေ အားလုံးပျက်စီးသွားမယ့် အခြေအနေရှိနေပါတယ်။ " ဟု စစ်တွေမြိုရှိ ဒုံးတိုက်ကွင်း ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသည့် ဒုက္ခသည်တစ်ဦးက ပြောသည်။

ဒုံးတိုက်ကွင်း ဒုက္ခသည်ခစန်းတွင် အိမ်သာ (၆၀)လုံးရှိပြီး လက်ရှိမှာ ဝါးခွေများက ကွန်ကရစ်ခွေများ၏ အလေးကို မခံနိုင်သောကြောင့် (၁၀)လုံးမှာ ပျက်သွားပြီး ကျန်အိမ်သာများမှာလည်း အားလုံးနီးပါး ရွဲ့စောင်းလျှက်ရှိနေကြောင်း သိရသည်။

" အိမ်သာတွေကို ကွန်ကရစ်ခွေ နှစ်ခွေနဲ့ ဆောက်ပေးထားတာဟုတ် မဟုတ်ဆိုတာကို Watch အဖွဲ့လုပ်ပြီးတော့ တူးဖော်စစ်ဆေးနိုင်ပါတယ်။ ကျနော်တို့ကတော့ ဒီဟာတွေကို မိုးရာသီနီးနေပြီဖြစ်တဲ့အတွက် အမြန်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် လုပ်းပေးစေချင်ပါတယ်။ " ဟု ၄င်းဒုက္ခသည်က ဆက်လက်ပြောကြားခဲ့သည်။

မိုးရာသီ ဝမ်းရောဂါ မဖြစ်ပွါးရအောင်ကြိုတင် စီစဉ်မှုရှိသော်လည်း အခြားရခိုင်ဒုက္ခသည်စခန်းများဖြစ်သော နာဇီရွာစက်ရုံစု ဒုက္ခသည်စခန်းနှင့် မင်းဂံစဒုက္ခသည်ခန်းများတွင် ရှိသည့် အိမ်သာတွင်းများကို အခုအချိန်ထိပြုပြင်မှုမရှိသေးကြောင်းနှင့် အိမ်သာတွင်းများမှာ ပြည့်လျှံလျှက်ရှိနေကြောင်း သိရသည်။

UN/INGOs များက ဘင်္ဂလီဒုက္ခသည် စခန်းနှင့် ရခိုင်ဒုက္ခသည် စခန်းများမှာ တူညီသည်ဟု ပြောကြားထားသော်လည်း တကယ့်လက်တွေ့တွင် ရခိုင်ဒုက္ခသည်စခန်းများက ခွဲခြားဆက်ဆံခံနေရကြောင်းနှင့် ဒေသခံ ရခိုင် CSO အဖွဲ့များမှာ ၄င်းတို့လိုမျိုး Capacity ရှိရှိနှင့် လုပ်နိုင်ကြောင်း စစ်တွေမြို့ အခြေစိုက် ရခိုင် CSO အဖွဲ့တစ်ဖွဲ့က ပြောသည်။


ရခိုင်ဒုက္ခသည်များက ၄င်းအိမ်သာများကို UN/INGOs အဖွဲ့များမှ အချိန်မီ အဘယ်ကြောင့် မပြုပြင်ကြသလဲဟု ဝေဖန်ပြောဆိုထားကြောင်းနှင့် ရောဂါများဖြစ်ပွါးပါက တစ်မြို့လုံးကူးစက်သွားနိုင်သည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ခိုင် ဒုက္ခသည် စခန်းများတွင် CDN မှ တည်ဆောက်ထားသည့် ကွန်ကရစ်အိမ်သာတွင်းများ စာရင်း။

၁) ဒုံးတိုက်ကွင်းစခန်း အဆောင် - ၂၀ လုံး အိမ်သာ ၆၀ လုံး ကွန်ကရစ်တွင်း ၆၀- တွင်း
၂) ဘောလုံးကွင်းစခန်း အဆောင် - ၇ လုံး အိမ်သာ ၂၁ လုံး ကွန်ကရစ်တွင်း ၂၁- တွင်း
၃) မိုးလေဝသကွင်းစခန်း အဆောင် - ၁၅ ဆောင် အိမ်သာ ၄၅-လုံး ကွန်ကရစ်တွင်း ၄၅ - တွင်း
စုစုပေါင်း အိမ်သာအရေ အတွက် = ၁၂၆ လုံး တွင်းပေါင်း ၁၂၆ - တွင်း

စံချိန်စံနှုန်းအရ အသုံးပြုရမည့် ကွန်ကရစ်ခွေပေါင်း - ၁၂၆ တွင်း x ၅ ခွေ ၁တွင်းနှုန်း = ၆၃၀ ခွေ
CDN မှ ၁တွင်း ၂ ခွေနှုန်း တည်ဆောက်ခဲ့သည့် ကွန်ကရစ်ခွေပေါင်း - ၁၂၆ x ၂ = ၂၅၂ ခွေ
CDN မှ လိမ်လည်ဖြတ်စားခဲ့သည့် ကွန်ကရစ်ခွေပေါင်း - ၁၂၆ တွင်း x ၃ ခွေ = ၃၇၈ ခွေ

တစ်ခွေ၏ ကာလပေါက်ဈေး တန်ဘိုး = ၁၅၀၀၀ ကျပ်
စုစုပေါင်း CDN မှ အလွဲသုံးစားပြုသည့် တန်ဘိုးငွေကျပ်ပေါင်း - ၃၇၈ ခွေ x ၁၅၀၀၀ ကျပ် = ၅၆၇၀၀၀၀ ကျပ်

No comments: