Wednesday, May 8, 2013

Dalai Lama က ဘာသာရေး ခုတုံးလုပ်တဲ့ သတ်ဖြတ်မှု လက်မခံနိုင်လို့ပြော

ABC

မြန်မာနိုင်ငံက ​မွတ်စလင်လူမျိုးတွေကိုတိုက်ခိုက်တဲ့ ​နေရာမှာ ​ဗုဒ္ဓဘာသာ ​သံဃာတော်တချို့ပါဝင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ​အခုလို ​ဘာသာရေးကို ​နံမည်ခံပြီး ​သတ်ဖြတ်တာဟာ ​လက်ခံလို့မရဘူးလို့ ​တိဘက်ဘုန်းတော်ကြီး ​Dalai ​Lama ​က ​ဝေဖန်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ပဋိပက္ခရဲ့ ​အခြေခံ ​အကြောင်းအရင်းဟာ ​ဘာသာရေးနဲ့ ​မဆိုင်ပဲ ​နိုင်ငံရေးကြောင့် ​ဖြစ်တာဖြစ်တယ်လို့ ​ဘုန်းတော်ကြီး ​ဒလိုင်းလားမားက ​အမေရိကန်နိုင်ငံ ​မယ်ရီလန် ​တက္ကသိုလ်မှာ ​မိန့်ခွန်းပြောကြား ​စဉ်အတွင်း ​ပြောခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ​ဘာသာရေးကို ​ခုတုံးလုပ်ပြီး ​လူတွေကိုသတ်ဖြတ် ​နေတာဟာ ​တကယ့်ကို ​လက်ခံလို့မရတဲ့အကြောင်း၊ ​၀မ်းနည်းစရာဖြစ်ကြောင်းနဲ့ ​သံဃာတော်တွေကိုလည်း ​ဗုဒ္ဓရဲ့မျက်နှာကို ​ထောက်ထားဖို့ ​သူ့အနေနဲ့ ​ဆုတောင်းပေးတဲ့အကြောင်းလည်း ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​​မတ်လကစပြီးတော့ ​​ဘာသာရေးပဋိပက္ခတွေ ​​ဖြစ်ပွားခဲ့ပြီး ​​မိထ္ထီလာမှာ ​​ဖြစ်ခဲ့တဲ့ပဋိပက္ခမှာ ​​လူ ​​၄၃ဦးသေဆုံးခဲ့ပါတယ်။ ​​မကြာသေးခင်က ​​ဥက္ကံမြို့မှာဖြစ်ခဲ့ပဋိပက္ခမှာတော့ ​​လူ ​​တစ်ဦးသေဆုံးခဲ့ပြီး ​​ဆယ်ဦးဒဏ်ရာရခဲ့ပါတယ်။ ​​ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေမှာ ​​ဗုဒ္ဓဘာသာသံဃာတော်တချို့ ​​ပါဝင်နေတယ်လို့ ​​လေ့လာသူတွေက ​​ယူဆနေကြပါတယ်။

No comments: