ABC
မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံထုတ် ဇိမ်ခံကားနဲ့ ကုန်တင်ကားတွေ ဈေးကွက်နေရာ ရနေတဲ့ အချိန်မှာ အမေရိကန်ပြည်ထောင်စုက ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ နာမည်ကြီး ဖို့ဒ် Ford ကုမ္ပဏီဟာ မြန်မာနိုင်ငံကို ဝင်ရောက်လာပြီလို့ မနေ့က တရားဝင် ကြေငြာ လိုက်ပါတယ်။
ဂျပန်ကားတွေ မြန်မာပြည် ဈေးကွက်ထဲမှာ လွှမ်းမိုးနေသလို Ford ကားကုမ္ပဏီ အ နေ နဲ့ မြန်မာပြည် ဈေးကွက်မှာ အောင်မြင်မှု ရမယ်လို့လည်း ယုံကြည်ထားတဲ့ အကြောင်း Ford ကားကုမ္ပဏီရဲ့ ပါတနာ တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံဘက်မှ Capital Diamond Star Groups ရဲ့ ပိုင်ရှင် ဦးဆောင် ညွှန်ကြားရေးမှူး ဦးကိုကိုကြီးက မနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ဂျပန်ကားကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ဖို့ကတော့ Ford ကားကတော့ နှစ်ပေါင်း ၁၁၀ ကျော်ကြာခဲ့ပြီ။ ကြားထဲမှာ ကျဆင်းခဲ့တယ်။ လွန်ခဲ့တဲ့ ၅ နှစ် ၁၀ နှစ်ကို ပြန်ကြည့်မယ်ဆိုရင် Ford ကားပြုပြင် ပြောင်းလဲလာတဲ့အတွက် တိုးတက်လာတယ်။ ကမ္ဘာမှာ နံပတ် ၅ ၊ ၆ ရှိလာတယ်။ ဒါကြောင့် မြန်မာမှာ ဂျပန်ကားဈေးကွက် လွှမ်းမိုး ထားတယ်ဆိုပေမဲ့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ရောင်းချတဲ့ ပုံစံကိုလည်း တစ်မျိုးထဲ သတ်မှတ်ထားတာ မရှိပါဘူး။ အရစ်ကျလည်း ရှိမယ်၊ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ရောင်းပေးတာလည်း ရှိနိုင်တယ်။ နည်းလမ်းပေါင်းစုံနဲ့ပေါ့”
Ford ကုမ္ပဏီဟာ မြန်မာနိုင်ငံအခြေစိုက် Capital Diamond Star Groups ကုမ္ပဏီနဲ့တွဲဖက်ပြီး လူစီး ဇိမ်ခံကားနဲ့ လုပ်ငန်းသုံး ကုန်တင်ကားတွေကို ဒီနှစ်ထဲမှာ တိုက်ရိုက် ရောင်းချမှာဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းမကြီးပေါ်မှာ Ford ကားနဲ့ပတ်သတ်တဲ့ အလုံးစုံဝန်ဆောင်မှု
ပေးနိုင်မဲ့ အဆောက်အဦး တစ်ခုကိုလည်း တည်ဆောက်နေပြီလို့ Ford ကုမ္ပဏီအကြီးအကဲ David Westerman က ပြောပါတယ်။
“ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ အလွန်ကြီးမားပြီး အလားအလာကောင်းတဲ့ အခြေအနေတွေကို တွေ့ရှိထားပြီး မြန်မာနိုင်ငံက သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ ဒီနိုင်ငံရဲ့
စီးပွားရေး၊လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေမဲ့ ရင်းနှီးမြုပ်နှံမှုတွေကို အလေးပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို ဖြေလျော့ပေးပြီးနောက်ပိုင်း အမေရိကန်ကုမ္ပဏီတွေ ဖြစ်တဲ့ ကိုကာကိုလာ၊
ပက္ကစီကိုလာ နဲ့ CATERPILLAR လို ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်လာနေကြတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မေငယ်က သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment