Sunday, June 16, 2013

ALD နှင့် RNDP ပေါင်းစည်းရေး နှစ်ဖက်ပါတီသဘောတူ

မိုးဇော်

ရခိုင်ပြည်နယ်မှ ရခိုင်ပါတီများဖြစ်သော ရခိုင်ဒီမိုကရေးစီအဖွဲ့ချုပ်(ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ပါတီတို့သည် ပေါင်းစည်းရေးအတွက် ရန်ကုန်မြို့ ရခိုင်သဟာယအသင်းရုံး၌ အစည်းအဝေးပြုလုပ်ရာတွင် နှစ်ဖက်ပါတီမှ ပါတီတစ်ခုတည်းသွားမည်ကို သဘောတူညီမှုရရှိကြောင်း သတင်းရရှိသည်။

RNDP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က " ပါတီနှစ်ခု ပေါင်းဖို့ဆိုတာတခုတော့ တူပါတယ်။ မူတွေကတော့ ဆွေးနွေးရဦးမယ်။ " ဟု ပြောသည်။


ရခိုင်းတိုင်းရင်းသားများမှ လိုလိုလားလားတောင်ဆိုနေကြသော ရခိုင်ပါတီနှစ်ခု ပေါင်းစည်းရေးကို သဘောတူညီမှုရယူကြပြီးနောက် ပါတီတစ်ခုတည်းဖြစ်သွားမည် ဖြစ်သည့်အတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ပါတီအမည်ပေးရေးကိစ္စနှင့် ပါတ်သက်၍ အသေးစိတ် အချက်အလက်များကို မနက်ဖြန်(ဇွန်လ-၁၆) ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ကျနော်တို့က အစကတည်းက ပေါင်းစည်းဖို့ကို လိုလားနေတာပါ။ ပေါင်းစည်းဖို့အတွက်လည်း အားလုံးနှစ်ဖက်လုံးကလည်း ဆောင်ရွက်နေတာပါ။ နှစ်ဖက်ကော်မရှင်တွေကလည်း ဆောင်ရွက်ပေးဖို့လိုပါတယ်။ အဓိကမဟုတ်တဲ့ အကြောင်းအရာတွေကို အဓိကမကျတဲ့နေရာတွေမှာ မထားမိဖို့လိုပါတယ်။ " ဟု သူကပြောသည်။

ပါတီနှစ်ခု တစ်ပါတီတည်းသွားမည်ကို သဘောတူညီချက်ရရှိပြီ ဖြစ်သည့်အတွက် တစ်ပါတီတည်းသွားမည့် ရှေ့လုပ်ငန်းစဉ်များကို ALD အနေဖြင့် ဘယ်လိုသွားမည့်ဆိုတာကို ဥက္ကဌ ဦးအေးသာအောင်အား အာရ်ကန်တိုင်းမ်စ်မှ ဆက်သွယ်မေးမြန်းခဲ့ရာ ယခုလိုဖြေကြားခဲ့သည်။

" ကျနော်တို့ အခု ပါတီနှစ်ခုပေါင်းဖို့ ယေဘုယျအားဖြင့် သဘောတူပါတယ်။ ရှေ့လုပ်ငန်စဉ်တွေအပါအ၀င် နောက်ထပ် ဆွေးနွေးစရာတွေအများကြီး ကျန်နေသေးတဲ့အတွက်ကြောင့် မနက်ဖြန်မှာလည်း ဆွေးနွေးဦးမယ်ဖြစ်တဲ့အတွက် ဒီကိစ္စကို ကြိုတင်ပြီးတော့ ပြောလို့မဖြစ်နိုင်ပါ။ " ဟု ပြောသည်။

အဆိုပါ ပါတီနှစ်ခုပေါင်းစည်းရေး ပထမအကြိမ် အကြိုဆိုဆွေးနွေပွဲကို ရခိုင်ပြည်ကျောင်းသား သမဂ္ဂမှ ကျောင်းသားထုတစ်ရပ်လုံးကိုယ်စား ၀မ်းမြောက်စွာ ကြိုဆိုကြောင်း အချက်(၆)ချက်ပါသော ၁/၂၀၁၃ ကြေငြာချက်တစ်စောင်ကိုလည်း ယနေ့(ဇွန်လ-၁၅)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

No comments: