Monday, May 4, 2015

ဇွဲကပင်ကေဘယ်လ် စီမံကိန်း မေလအတွင်း ပြည်တွင်းကုမ္ပဏီနှင့်ပင် အကောင်အထည်ဖော်မည်

နန်းမြင့်

ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ပေါ် သို့ကေဘယ်လ် ကားဖြင့် တက်ရောက်မည့် စီမံကိန်း ကိုမေလအတွင်း စတင် အကောင် အထည်ဖော်တော့ မည်ဟု ဇွဲကပင်တောင် ဆရာတော် အရှင်ကဝိဓဇက ဧပြီလ ၃၀ရက်က မဇ္ဈိမကို မိန့်ကြားသည်။

အဆိုပါ ဇွဲကပင်ကေဘယ်လ်ကား စီမံကိန်း ပန္နက်တင် အခမ်းအနားကို မေလ ၂၁ရက်တွင် ဇွဲကပင်တောင်ခြေတွင် ပြုလုပ်မည်ဖြစ်သည်။ ယင်းစီမံကိန်းကို ဇွဲကပင်တောင် ဆရာတော်မှ ဦးစီးပြီး မုတ္တမကုမ္ပဏီ၊ စင်ကာပူ ကုမ္ပဏီတို့နှင့် ပူပေါင်းဆောင် ရွက်ကာမြန်မာ အင်ဂျင်နီယာ များဖြင့် အကောင် အထည်ဖော် သွားမည်ဖြစ်သည်။

ဆရာတော်အရှင်ကဝိဓဇက ''ပန္နက်တင်မည်ဆိုတော့အကောင်အထည်ပေါ်နေပြီးမြေနေရာတွေလည်း ရှင်းနေပြီးဘယ်အချိန် ပြီးမယ်လို့တော့ အတိအကျပြော လို့မရသေးဘူး။ငွေရရှိမှုပေါ်မူတည် ပြီးဆောင်ရွက် သွားမယ်'' ဟု မိန့်ကြားသည်။

ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်မည့်ကေဘယ်လ်ကားသည် တစ်စီးလျှင် လူ ၄ဦးစီ စီးနင်းလိုက်ပါနိုင်ပြီး အစီးရေ ၅၀ တပ်ဆင်သွား မည်ဖြစ်သည်။ကေ ဘယ်လ်ကားကို ဇွဲကပင်တောင်ခြေ ရှိ လုမ္ဗနီဥယျာဉ်မှ ဇွဲကပင်တောင် အနောက်ဘက်ခြမ်းသို့ ပို့ဆောင်သွားမည်ဖြစ်သည်။

ယခင်က ကေဘယ်လ်ကား စီမံကိန်းကို မလေးရှား ကုမ္ပဏီ၊ ဂျပန် ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ လူ ၄၀ စီးနိုင် သည့်ကေဘယ်လ်ကား လုပ်ဆောင်ရန် စီစဉ် ခဲ့သော်လည်း အကောင်အထည်မပေါ်ခဲ့ပေ။

အဆိုပါ ကေဘယ်လ်ထိုင်မည့် နေရာကို ဓာတ်လှေကားဖြင့် တက်ရမည်ဖြစ်၍ ၎င်းကို စတင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ယင်းစီမံကိန်းအတွက် အလှူငွေ ကျပ်သိန်း ၄၀၀၀ကျော်ရရှိပြီ ဖြစ်သော်လည်း ခန့်မှန်းကုန်ကျမည့် တန်းဖိုးမှာ ဓာတ်လှေကား လေးထပ်တန်ဖိုး ကျပ်သိန်း ၄၀၀ကျော်နှင့်ကေဘယ် လ်တန်းဖိုး ကျပ်သန်း ၇၀၀၀ ကျော် ကုန်ကျမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ကရင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဇွဲကပင်တောင်ဆံတော်ရှင်စေတီသည် မြင့်မားမတ်စောက်ကာ ခရီးလမ်း ခက်ခဲသောကြောင့် ဘုရားဖူးများ မတက်နိုင်သဖြင့် စေတီတော်အား လွယ်ကူချောမွေ့စွာ ဖူးမျှော်နိုင်ရန် ယခုကဲ့သို့ စီစဉ်ခြင်း ဖြစ်သည်။

No comments: