Friday, May 29, 2015

အသစ်ထုတ်ဝေမည့် တစ်သောင်းတန်ငွေစက္ကူသစ်၏ ၁၀၀၀၀ ဆိုသည့်စာလုံးကို မြစိမ်းရောင်အဖြစ် တွေ့မြင်ရမည်

မဇ္ဈိမ

တစ်သောင်းတန် ငွေစက္ကူသစ်များကို ဇူလိုင်လ ၁ရက်မှ စတင်၍ ထုတ်ဝေသွားမည်ဖြစ်ပြီး လက်ရှိ သုံးစွဲနေသည့် တစ်သောင်းတန် ငွေစက္ကူများကိုလည်း ဆက်လက် သုံးစွဲသွားမည်ဟု အစိုးရက မေ ၂၈ရက်တွင် ထုတ်ပြန် ကြေငြာလိုက်သည်။

တစ်သောင်းတန် ငွေစက္ကူသစ်၏ ထူးခြားချက်မှာ ညာဘက်တွင်ရှိသည့် တစ်သောင်းတန်စာလုံးမှာ မြစိမ်းရောင် ဖြစ်မည်ဖြစ်ပြီး ယင်းဂဏန်းကို အထက်အောက်ရွှေ့ လျားကြည့်မည်ဆိုပါက မြစိမ်းရောင်းမှ အပြာရောင်အဖြစ်သို့ ပြောင်းလဲစေသည့် ရောင်ပြေးပါဝင်မည်ဖြစ်သည်။

ထို့ပြင် လုံခြုံရေးကြိုးမှာ ယခင်ကြိုးအတိုင်း ပြန်သုံးထားပြီး ငွေစက္ကူသက်တမ်းကြာမြင့်မှုပေါ် မူတည်၍ မူလ ပန်းခရမ်းရောင်မှ အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲ သွားစေမည်ဖြစ်သည်။ အရွယ်အစားမှာ ပြောင်းလဲမည် မဟုတ်ပေ။

No comments: