Friday, May 29, 2015

မြန်မာအမျိုးသားလေကြောင်းလိုင်း ဝန်ထမ်းများကို အငြိမ်စားပေးပြီး ကုမ္ပဏီလစာနှုန်းထား သတ်မှတ်ပေးမည်

မောင်သင်တုန်း

ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာအမျိုးသားလေကြောင်း ဝန်ထမ်းများအား မြန်မာလေကြောင်း နည်းဥပဒေထွက်ရှိလာလျှင် ပင်စင်များပေးသွားမည်ဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းလစာဖြင့် ပြောင်းလဲ သတ်မှတ်ပေးသွားမည်ဟု မေ ၂၉ရက်က သတင်းစာရှင်းလင်းပွဲအပြီးတွင် စီမံခန့်ခွဲရေး ဘုတ်အဖွဲ့မှ ကပ္ပတိန်ဦးထင်လင်းက ပြောသည်။

“အစိုးရကနေ အငြိမ်းစားပေးမယ်။ ပြီးရင်တော့ ကုမ္ပဏီလစာ ပြန်ပေးမယ် လေကြောင်းဝန်ထမ်းတွေပေါ့”ဟု ကပ္ပတိန် ဦးထင်လင်းက ပြောသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအား လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာနအောက်တွင် နိုင်ငံတော်ဘတ်ဂျက် မဟုက်ဘဲ ဝန်ကြီးဌာန၏ စီးပွားရေးလုပ်ငန်းအဖြစ် စတင်ဆောင်ရွက်လျက်ရှိသည်။ သို့သော် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ သက်မှတ်ထားသည့် ဝန်ထမ်းလစာ နှုန်းထားများသာ ရရှိလျက်ရှိသည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်လိုင်းတွင် ဝန်ထမ်းခြောက်ရာကျော်ရှိပြီး အင်ဂျင်နီယာများ ပိုင်းလော့များကိုလည်း နိုင်ငံတကာသို့ ပညာသင်များ စေလွှတ်ထားပြီး နိုင်ငံတကာ လေကြောင်းလိုင်းများဖြင့် ယှဉ်နိုင်ရန်အတွက် လိုအပ်သည့်သင်တန်းများ စေလွှတ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

မြန်မာအမျိုးသားလေကြောင်းအား ကုမ္ပဏီတစ်ခုအနေဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ် နောက်တစ်ချိန်တွင် အများပိုင်ကုမ္ပဏီကြီး တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်။ အဆိုပါလေကြောင်းလိုင်းသည် ပြည်တွင်း၌ လေယာဉ်ဆယ်စီးဖြင့် ပြေးဆွဲဆောင်ရွက်လျက်ရှိပြီး လေယာဉ်ကွင်း ၂၆ ခုအထိ ပြေးဆွဲလျက်ရှိသည်ဟု သတင်းစားရှင်းလင်းပွဲတွင် ပြောသည်။

“နောက်ဆုံးအဆင့်ကတော့ အများပိုင်ဖြစ်တဲ့အထိပေါ့။ လတ်တစ်လော နည်းဥပဒေက ရှေ့နေချူပ်ရုံးကလည်းကျပြီး နိုင်ငံတော်အစိုးရအဖွဲ့ဆီကို ရောက်နေပြီးလို့သိရတယ်”ဟု ကပ္ပတိန် ဦးထင်လင်းက ပြောသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာသည့် အတွေ့အကြုံများရှိပြီး ပြည်ပပြေးဆွဲမှုကို ရပ်နားခဲ့သည့်အချိန် နှစ်ပေါင်းနှစ်ဆယ်ရှိပြီးဟုဆိုသည်။ ယခုအခါတွင် စင်္ကာပူနိုင်ငံသို့ စတင်ပြေးဆွဲနိုင်ရန်အတွက် လေယာဉ်များကို ငှားရမ်းထားပြီးဖြစ်သည်ဟု သိရသည်။

No comments: