Saturday, May 30, 2015

ANP ပုဏ္ဍားကျွန်း လွှတ်တော်ကိုယ်စားလှယ် ရွေးမည်

နိရဉ္စရာ


ရခိုင်အမျိုးသားပါတီ ( ANP) ၏ ပုဏ္ဍားကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ပွဲကို မေလ ၂၈ ရက် နံနက် ၇ နာရီမှ ၄ နာရီထိ လောကမာရဇိန်ဘုရားတွင် ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

မေလ ၂၆ ရက်နေ့ နေ့လယ် တစ်နာရီမှ ညနေ ၄ နာရီ ပါတီကိုယ်စားလှယ်များသည် လောကမာရဇိန် ဘုရားကြီးတွင် သူတို့၏ မူ လမ်းစဉ်နှင့် ရှေ့ဆောင်ရွက်မည့် အခြေအနေများကို ဟောပြောပြီး တက်ရောက်လာသူ ပါတီကိုယ်စားလှယ်များမှ မဲထည့်ရန် ဆော်သြခဲ့သည်ဟု မြို့နယ် ကော်မတီဝင် ဦးကျော်မြင့်တင်က ပြောသည်။

တက်ရောက်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ပုဏ္ဍားကျွန်းမြို့နယ် အမှတ် (၁) နယ်မြေမှ ပြည်နယ် အဆင့်တွင် ယှဉ်ပြိုင်ကြမည့် ဦးစံကျော်လှ၊ ဦးလှေရွှေ၊ အမှတ် (၂) မြေမှ ပြည်နယ်အဆင့်တွင် ပါဝင် ယှဉ်ပြိုင်ကြမည့် ဦးအောင်သန်းတင် ( ပြည်နယ် ၀န်ကြီး)၊ ဦးစံရွှေကျော်၊ ဦးအောင်လှသံ၊ ဦးနေလင်း၊ ဦးအောင်သန်းတို့ ဖြစ်ကြသည်။

ပြည်သူ့လွှတ်တော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးမှလည်း လူထု အား ရှင်းလင်း ဟောကြားမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ပြည်သူ့ လွှတ်တော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးမှာ ဦးထွန်းအောင်ကျော် (လက်ရှိ ပြည်သူ့ လွှတ်တော် အမတ်)နှင့် ဦးးလှရွှေ ( မြို့နယ် ဥက္ကဋ္ဌ) တို့ ဖြစ်ကြသည်။

လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ပွဲသို့ ကျေးရွာ၊ ရပ်ကွက် ကိုယ်စားလှယ် ၃၀၀ ကျော်ခန့် တက်ရောက်မည် ဖြစ်ကာ ကိုယ်စားလှယ် လောင်းများကို မဲစနစ်ဖြင့်ရွေးချယ်ကြမည်ဟု သိရသည်။

No comments: