Thursday, May 28, 2015

၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာပေး အခမ်းအနား ပင်လုံတွင်ပြုလုပ်

သျှမ်းသံတော်ဆင့်/ဆိုင်ဖူးအောင်

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ မင်္ဂလာ နောင်ကွတ် ကျောင်းတိုက်တွင် ပင်လုံမြို့ အရပ် ဘက် လူ့ အဖွဲ့အစည်း များမှ ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူ လူထုအား အသိ ပညာ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြည်သူလူထု အသိပညာပေးခြင်းကို မေလ ၂၆ ရက် မှ ၂၉ ရက် အထိ ပင်လုံမြို့ နယ်အတွင်း၌ ကွင်းဆင်းအသိပညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အသိပညာပေး ရာတွင် မဲဆန္ဒရှင်အမျိုးအစား ၃ မျိုးရှိကြောင်းရှင်းပြခဲ့သည်ဟု ဖြူစင်မေတ္တာ နာရေးကူညီ မှု အသင်း ဦးသက်နိုင်ကဆိုသည်။

“ မဲစာရင်းမှာ မိမိနာမည်မပါရင် ပုံစံ ၃ နဲ့လျှောက်ထားရမယ်။ အချက်အလက်တွေ မမှန် ရင် ပုံစံ ၄-ဂ နဲ့လျှောက်ထားရမယ်။ ကွယ်လွန်ပြီးသူများနဲ့ မဲပေးပိုင်ခွင့်မရှိသူတွေးပါဝ င် နေရင် အထောက်အထားနဲ့အတူ ပုံစံ ၄ နဲ့ကန့်ကွက်ရမယ်။” ဟု ဦးသက်နိုင်ကပြောသည်။

သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် စိုင်းစွမ်စစ် က“ မဲစာရင်းတွင်မိမိနာမည်ပါရှိပြီး နာမည် စာလုံးပေါင်း မှားယွင်းခြင်း၊ မှတ်ပုံတင်နံပါတ် မမှန်ကန်ခြင်းအချို့ရှိခဲ့မယ် ဆိုရင် မဲပေး ပိုင်ခွင့်ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့်မှန်ကန်မှုရရှိဖို့အတွက် ပုံစံ ၄-ဂ ဖြင့်ပြင်ဆင်နိုင်ဖို့ တင်ပြရမှာဖြစ်တယ်။ သို့မှသာ မိဘပြည်သူများမဲပေးပိုင်ခွင့်အခွင့်အရေးကို ရရှိမှာဖြစ် တယ်”- ဟု ပြည်သူလူထုအား ရှင်းပြခဲ့သည်။

“ ကျနော်တို့ရဲ့ မျှော်မှန်းချက်ကတော့ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ CSO ဆိုတဲ့ လူမှု အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်ခွင့် မရခဲ့ပေမယ့် ယခု ၂၀၁၅ရွေးကောက်ပွဲမှာ တဒေါင့် တနေရာကနေ ပညာပေးဟောပြောခွင့်ရတဲ့ အတွက် ပြည်သူလူထုမှ ရွေးကောက်ပွဲ အသိ ပညာတိုးပွါးပြီး ရွေးကောက်ပွဲမသမာမှု လိမ်လည်မှုအချို့ လျှော့နည်းသွားနိုင်မယ်လို့ မျှော် မှန်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ် ” ဟု ပြောသည်။

ပင်လုံမြို့ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်တဦးကလည်း မဲဆိုကတည်းက အရေးကြီး ကြောင်းနှင့် မဲပေးသည့်အချိန်တွင် ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် မဲပေးရမည်ဖြစ်ကြောင်း ပြည်သူလူထုအား အသိပညာပေးခဲ့သည်ဟုဆိုပါသည်

No comments: