Friday, May 29, 2015

မောင်တောတွင် လှေစီးဘင်္ဂလီများနှင့် အတူ ဖမ်းမိသည့် ဘုတ်သမား ၂၀ ကို လူကုန်ကူးမှုဖြင့် တရားစွဲ

နိရဉ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် ဘင်္ဂလာဒေရှ့် လှေစီးရေမျောကမ်းတင် ၂၀၈ ဦးနှင့် အတူ ဖမ်းမိခဲ့သော မြန်မာနိုင်ငံသား ၂၀ ဦးကို ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုကာ ရမန်ယူထားကြောင်း သတင်း ရရှိသည်။

“ သူတို့ကို စွဲဆိုတဲ့ ပုဒ်မက ၃၆၇ နဲ့ ၃၇၁ တို့ဖြစ်ကြတယ်။ ကျွန်ရောင်းဝယ်မှုနဲ့ ပတ်သက်တဲ့ ပုဒ်မတွေ ဖြစ်ကြတယ်” ဟု မောင်တောခရိုင် တရားရုံးလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ညွှန့်က ပြောသည်။

အခု တရားစွဲဆိုခံရသူ ၂၀ ထဲတွင် တနင်္သာရီတိုင်းမှ ၁၂ ဦး၊ ရန်ကုန်တိုင်းမှ ၁ ဦး၊ ဧရာဝတီတိုင်းမှ ၂ ဦးနှင့် ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလီ လူမျိုး ၅ ဦးတို့ ဖြစ်ကြောင်း သိရသည်။

“ ရမန်က ၁၅ ရက်ယူပါတယ်။ အခု နယ်စပ်ကွပ်ကဲရေးမှူး ဌာနချုပ် ကျီးကန်းပြင်ကို ယူသွားပြီး ဟိုမှာ စစ်ဆေးနေပါတယ်။ မောင်တောမြို့နယ်တရားရုံးကဘဲ လက်ခံပြီး အမှုကို ပြီးပြတ်အောင် စီရင်သွားဖို့ အနေအထား ရှိပါတယ်” ဟု ဦးအောင်ကျော်ညွှန့်က ဆက်လက် ပြောဆိုသည်။

သူတို့ ၂၀ ဦး အထဲမှ ၁၁ ဦးကို ဘင်္ဂလီ ၂၀၈ ဦးပါ စက်လှေ တစ်စီးမှ လည်းကောင်း၊ ကျန် ၉ ဦးကို လှေစီး ရေမျောကမ်းတင် တစ်ဦးမှ မပါသော စက်လှေ တစ်စီးက လည်းကောင်း မြန်မာရေတပ်က မေလ ၂၁ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ အနောက်ဘက်က ၄ မိုင် အကွာ ပင်လယ်ပြင်မှ ဖမ်းမိခဲ့သည်။

No comments: