Friday, May 29, 2015

အဆင်မြင့်ပညာရေးဥပဒေဆွေးနွေးပွဲ တိုင်းရင်းသားစာပေသင်ကြားရေးမပါဝင်

စောဇင်ညီ

အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နေပြည်တော် လွှတ်တော်ရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဆောက်အအုံ၌ အဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲရေး အစည်းအဝေးအား မေလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့စဉ် တိုင်းရင်းသားစာပေသင်ကြားရေး ကဏ္ဍအား မဆွေးနွေးဖြစ်ခဲ့ကြောင်း လေ့လာသူအဖြစ်တက်ရောက်ခဲ့သော မွန်ပြည်နယ် ကျောင်းသားထံမှ သိရသည်။

အမျိုးသားလွှတ်တော်တွင် ပညာရေးဥပဒေကို ဆွေးနွေးမည် ဖြစ်သဖြင့် အဆင့်မြင့်ပညာရေးဥပဒေအား သီးခြားဥပဒေတစ်ရပ်ပေါ်ပေါက်လာရန် ဆွေးနွေးခဲ့ကြကြောင်း မွန်ပြည်နယ်ကျောင်းသား သမဂ္ဂဝင် ကိုတင့်ထူးအောင်က ပြောသည်။

ကိုတင့်ထူးအောင်က “အဆင်မြင့် ပညာရေးဥပဒေကို အစအဆုံး ပြန်ပြီး ညှို့နှိုင်းဆွေးနွေးနေကြတာဘဲ၊ အခုက အဆင့်မြင့်ပညာရေးဥပဒေဖြစ်တဲ့အတွက် တိုင်းရင်းသားစာပေအပိုင်းကို ဆွေးနွေးဖြစ်တာ မကြားမိဘူး၊ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်၁၁ ချက်ကို ဒေါ်စု အပြည့်အဝထောက်ခံမယ်လို့ ကျွန်တော်တော့ မထင်ဘူး၊ ကျွန်တော်တို့ တိုင်းရင်းသားစာပေအတွက် ကျွန်တော်တို့ တိုင်းရင်းသား ကျောင်းသားသမဂ္ဂတွေ အနေနဲ့  လွှတ်တော်ကိုကော အဆင့်မြင့်ပညာရေး ကဏ္ဍကိုလုပ်နေတဲ့ သူတွေကိုပါ တွန်းအားတစ်ခု ပေးရမယ်”ဟု ပြောသည်။

တိုင်းရင်းသားမိခင်စာပေသင်ကြားခွင့် ရရှိရေး ပညာရေး ဥပဒေရေးဆွဲသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လက်ရှိအချိန်တွင်မဖြစ်နိုင်သေးပာု သတ်မှတ်ထားကြကြောင်း ပညာရေး ဥပဒေ ကိစ္စလှုပ်ရှားသည့် အသိုင်းအဝိုင်းမှ သိရသည်။

ကိုတင့်ထူးအောင်က “အန်တီစု အနေနဲ့  မော်လမြိုင်လာတုန်းက လည်း တိုင်းရင်းသားစာပေက လက်ရှိအချိန်မှာ မလွယ်ကူသေးဘူးလို့ ပြောသွားတယ်”ပာု ကိုတင့်ထူးအောင်က ဆက်ပြောသည်။

ယင်းဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ နှင့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ USDP ကိုယ်စားလှယ်များသာ ဆွေးနွေးခဲ့ကြကြောင်း၊ ကျောင်းသား ကိုယ်စားလှယ်များဖြစ်ကြသည့် မောင်ဇေယျာလွင်၊ မောင်နန်းလင်း၊ မောင်ရဲဇာနည်ထွန်း၊ မောင်ချစ်ဝင်းမောင်၊ မောင်အောင်နေပိုင်၊ မောင်ဘုန်းပြည့်ကြွယ်၊ မောင်တင့်ထူးအောင်၊ မောင်သန့်ဇင်ထွန်း၊ မောင်မျိုးမင်းပိုင်၊ မောင်ထက်မြတ်လှိုင်နဲ့ မအိမ့်ပိုချစ်တို့က လေ့လာသူအဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments: