သီဟကိုကို
ပြည်ပမှ မော်တော်ယာဉ် စီးရေ ၄၄၀,၀၁၇ တင်သွင်းခွင့်ပြုခဲ့ပြီး အခွန်စုစုပေါင်း ကျပ် ၁,၁၆၄ ဘီလီယံ (ကျပ်သန်း ၁,၁၄၆,၁၃၀) ကောက်ခံရရှိခဲသည်ဟု အကောက်ခွန် ဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
မော်တော်ယာဉ် အစားထိုး စီမံချက် အပါအ၀င် ပြည်ပမှ တင်သွင်းလာသည့် ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းသည့်အပေါ်နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်များ စည်းကြပ် ကောက်ခံလျက်ရှိပြီး ၂၀၁၁၊ အောက်တိုဘာလမှ ၂၀၁၅ ဧပြီလ ၂၄ ရက်အထိ အကောက်ခွန် ကျပ် ၆၀၁,၈၉၄ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၅၆၂,၂၃၅ သန်း ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုး လဲလှယ်ရေး စီမံချက်ဖြင့် မော်တော်ယာဉ်စီးရေ ၁၁၀,၀၀၀ ကျော်ကို အခွန်စည်းကြပ်ကောက်ခံပြီး ခွင့်ပြုထုတ်ပေးခဲ့သည်။ ထို့ပြင် ကားအရောင်းစင်တာများအတွက် မော်တော်ယာဉ် စီးရေ ၉၆,၀၀၀ ကျော်၊ သင်္ဘောသားပါမစ်ဖြင့် ကားစီးရေ ၁,၈၀၀ ကျော်တို့ကို ခွင့်ပြုခဲ့သည်။
ကုမ္ပဏီပါမစ်ဖြင့် မော်တော်ယာဉ် စီးရေ ၇၀၀ ကျော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ၏ ခွင့်ပြုချက်ဖြင့် မော်တော်ယာဉ်စီးရေ ၁,၉၀၀ ကျော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မော်တော် ယာဉ်စီးရေ ၂၈၀ ကျော်၊ တစ်ဦးချင်း လွတ်လပ်စွာ ဝယ်ယူခွင့်ဖြင့် မော်တော်ယာဉ် စီးရေ ၂၁၀,၀၀၀ စီးတို့ကို ခွင့်ပြုထုတ်ပေးခဲ့သည်။
အကောက်ခွန်ဦးစီးဌာနသည် လစဉ် ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်စီးရေ တစ်သောင်း ခန့်ကို အခွန်စည်းကြပ် ထုတ်ပေးနေပြီး ၂၀၁၅၊ ဖေဖော်ဝါရီလအထိ မော်တော်ယာဉ်စီးရေ ၄၂၀,၀၀၀ ခန့်ကို ခွင့်ပြုခဲ့သည်။
No comments:
Post a Comment