ရိုက်တာ
အကယ်ရ်ျ ပါတီက သတ်မှတ်လျာထား လာပါက နိုင်ငံတော် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံသွားမည်ဖြစ်ကြောင်းနှင့် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) နိုင်ငံ့အကျိုးအတွက် အလုပ်လုပ်နေသူ မည်သူနှင့်မဆို ပူးပေါင်းလိုသော ဆန္ဒရှိကြောင်းမြန်မာ အာဏာ ရပါတီဥက္ကဌက သောကြာနေ့ ကပြောကြားခဲ့သည်။
၎င်း၏ပါတီအနေဖြင့် စစ်တပ်လွှမ်းမိုးသော ဖွဲ့စည်းပုံဥပဒေကို ပြောင်းလဲလိုစိတ်ရှိကြောင်း၊ သို့ရာတွင် နိုဝင်ဘာ ရွေးကောက်ပွဲများမတိုင်မီ ပြောင်းလဲရန်မှာမူ အချိန်မလုံလောက်တော့ ကြောင်း မြန်မာပါလီမန်ဥက္ကဌ သူရဦးရွှေမန်းက ၀ါရှင်တန် ပညာရှင်အုပ်စု (think tank)ကို ပြောကြားခဲ့သည်။
သူရဦးရွှေမန်း၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကို အဓိကအားဖြင့် ယခင် စစ်တပ်အရာရှိဟောင်းများနှင့် ဖွဲ့စည်းထားပြီး၊ ယခင် စစ်အစိုးရက ထူထောင်ခဲ့သည့် လူမှုရေးလှုပ်ရှားမှုတစ်ခုမှ နိုင်ငံရေးပါတီအဖြစ်သို့ ပြောင်းလဲလာခဲ့ခြင်းပင်ဖြစ်သည်။
သမ္မတလောင်းအဖြစ် လျာထားသတ်မှတ်ခံရပါက ရွေးကောက်ပွဲဝင်မည်လားဟု မေးမြန်းသည့်အခါတွင် အမေရိကန် အရာရှိများ၊ ကွန်ဂရက်ခေါင်းဆောင် များနှင့် တွေ့ဆုံရန် ၀ါရှင်တန်သို့ ရောက်ရှိနေသည့် သူရဦးရွှေမန်းက “USDP ကသာ ကျွန်တော့်ကို သမ္မတလောင်းအဖြစ် လျာထားခဲ့ရင် ရွေးကောက်ပွဲဝင် မှာပေါ့။ သမ္မတလောင်းအဖြစ် ပျော်ပျော်ကြီး လက်ခံလိုက်မှာပါ”ဟု တုန့်ပြန်ဖြေကြားခဲ့သည်။
နိုင်ငံခြားသားနှင့် လက်ထပ်ထားသောကြောင့် ဖွဲ့စည်းပုံအရ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်အရွေးခံခွင့် ပိတ်ပင်ခံထားရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညွှန်ပေါင်းဖွဲ့လိုသောဆန္ဒ ရှိပါသလားဟု မေးမြန်းရာတွင် သူရဦးရွှေမန်းက သူတို့နှစ်ဦးမှာ တစ်ယောက်နှင့် တစ်ယောက် သူငယ်ချင်းကောင်းများ ဖြစ်ကြကြောင်း၊ တစ်ချိန်တည်းတွင် ပြိုင်ဘက်ကောင်းများလည်း ဖြစ်နိုင်ကြောင်း ဖြေကြားခဲ့သည်။
“ရွေးကောက်ပွဲကြီး ပြီးသွားတဲ့အခါ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ ဖြစ်နိုင်ခြေရှိမရှိ မေးလာတော့၊ တိုင်းပြည်နဲ့ ပြည်သူတွေအကျိုးအတွက်ဆို သိပ်ဖြစ်နိုင်တယ်လို့ ပြော ရမှာပါ။ဒီနေ့ဖြစ်ဖြစ်၊ မနက်ဖြန်ဖြစ်ဖြစ်၊ အနာဂတ်မှာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ သူမ(ဒေါ်အောင်ဆန်းစုကြည်)နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်” ဟုလည်း သူရဦးရွှေမန်းက ဘာသာပြန်မှတစ်ဆင့် ထပ်လောင်းပြောကြားခဲ့သည်။ တိုင်းပြည်နှင့် ပြည်သူလူထုကို အလေးထားသည့် မည်သည့်ပါတီ၊ မည်သည့် ပုဂ္ဂိုလ်နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲများမတိုင်မီတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရန် ဖြစ်နိုင်ခြေ ရှိမရှိကို မေးမြန်းသည့်အခါတွင်မူ သူရဦးရွှေမန်းက အချို့သော အချက်များမျာ အခြားသောအချက်များထက် ပြင်ဆင်ပြောင်းလဲရန် ပိုမိုခက်ခဲကြောင်း။ ဥပမာ လွှတ်တော်တွင် စစ်တပ်အတွက် အမတ်နေရာ ၂၅ရာခိုင်နှုန်း ချန်လှပ်ထားရမည့် အချက်မှာ ပြင်ဆင်ပြောင်းလဲရန် လူထု ဆန္ဒခံယူရ်ျ အတည်ပြုရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးမှကိုယ်စားလှယ် တီ ကူးမာ၏ မေးခွန်းတစ်ခုတွင်မူ မြန်မာ မွတ်စလင်လူနည်းစုဖြစ်သည့် ရိုဟင်ဂျာကို ရိုဟင်ဂျာ အစား ဘင်္ဂါလီဟု ခေါ်ဆိုလိုက်သည့်အတွက်မူ သူရဦးရွှေမန်းမှာ ဝေဖန်ခံခဲ့ရသည်။
လူ့အခွင့်အရေးအုပ်စုများ၏ ပြောကြားချက်အရမူ ဗုဒ္ဒဘာသာဝင်များနှင့် ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် အိုးအိမ်များ ဆုံးရှုံးခဲ့ရပြီး နိုင်ငံသား အဆင့်အတန်း မှာလည်း အငြင်းပွားဖွယ်ဖြစ်နေကြသည့် ရခိုင်ပြည်အနောက်ပိုင်းမှ ရိုဟင်ဂျာများမှာ လူ့အခွင့်အရေး အချိုးဖောက်ခံနေရသူများဖြစ်သည်ဟု ဆိုသည်။
ဆက်လက်ပြီး သူရဦးရွှေမန်းက အုပ်စုမှာ လွှတ်တော်ကိုယ်စားလှယ်အချို့၏ ထောက်ခံမှုကို ရရှိထားပြီး၊ အခြေခံအခွင့်အရေးများ၊ နိုင်ငံတိုင်းလေးစား လိုက်နာ ကြရသည့် ဒီမိုကရေစီကျင့်ဝတ်များနှင့် ပတ်သက်ရ်ျ လွှတ်တော်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန် ရည်ရွယ်ချက်ရှိကြောင်းလည်း ပြောကြားသွားခဲ့သည်။
No comments:
Post a Comment