Friday, November 4, 2016

AIB အကောင်းဆုံး ရေဒီယို ဂျာနယ်လစ်ဇင်ဆု ဘီဘီစီ မြန်မာပိုင်း ဆွတ်ခူး

မဇ္ဈိမသတင်းဌာန

ဖြစ်ရပ်မှန် ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ အွန်လိုင်း ထုတ်လွှင့်ချက်တွေထဲက ကဏ္ဍအသီးသီးအလိုက် အကောင်းဆုံး အစီအစဉ်တွေကို AIB အဖွဲ့က နှစ်စဉ် ရွေးချယ်ပေးအပ်လေ့ရှိရာ ၂၀၁၆ ခုနှစ် အကောင်းဆုံး ရေဒီယို ဂျာနယ်လစ်ဇင်ဆုကို ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က ရရှိခဲ့တယ်လို့ သိရပါတယ်။

၂ဝ၁၅ မြန်မာနိုင်ငံ ရွေးကောက်ပွဲကို ဘီဘီစီ မြန်မာပိုင်းက အချိန်နဲ့ တပြေးညီ သတင်းယူ အသံလွှင့် တင်ဆက်ခဲ့မှုအတွက် အဆိုပါဆုကို AIB အဖွဲ့ ရဲ့ (၁၂) ကြိမ်မြောက် အခမ်းအနားမှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ သတင်းတင်ဆက်မှုမှာ ဘက်မျှမှု၊ လူအများရဲ့ အသံ စုံလင်စွာ ထင်ဟပ်ဖော်ပြနိုင်မှု၊ ရေဒီယို အစီအစဉ်အနေနဲ့ သောတရှင်တွေအဖို့ စိတ်ဝင်စားဖွယ် ဆွဲဆောင်နိုင်စွမ်းရှိမှုစတဲ့ ဆန်းစစ် သုံးသပ်မှုတွေနဲ့အတူ AIB အကောင်းဆုံး ရေဒီယို ဂျာနယ်လစ်ဇင်မ်ဆုကို ဘီဘီစီမြန်မာဌာနက ရရှိ နိုင်ခဲ့တာ ဖြစ်ပါတယ်။

AIB အဖွဲ့ဟာ ကမ္ဘာတလွှားက နာမည်ရ အသိအမှတ် အပြုခံရပြီးသား သတင်းဌာနတွေရဲ့ ကွန်ရက်အဖွဲ့အစည်းဖြစ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက စတင် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်းဌာနအနေနဲ့ အရင်ကလည်း AIB အထူးဆု ၂ ကြိမ် ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

No comments: