Friday, November 18, 2016

မြန်မာတပ်မတော်မှ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးရန်ကြိုးစားသူ ၇၂ ဦးကို ပစ်သတ်ဟု ရိုက်တာက သတင်းဖော်ပြ

နိရဉ္စရာ၊


ယနေ့ Reuters ရိုက်တာ က “ Scores of Rohingya flee crackdown” ခေါင်းစဉ်ဖြင့်ရေးသားသော သတင်းတစ်ပုဒ်တွင် မြန်မာ့တပ်မတော်မှ ဘင်္ဂလာဒေ့ရှ်သို့ထွက်ပြေးရန် ကြိုးပမ်းသူ ၇၂ ဦးကို ပစ်သတ်ခဲ့သည်ဟု သတင်းဖော်ပြသည်။

ရခိုင်မြောက်ပိုင်းမှ ရိုဟင်ဂျာ ၄ ဦးက ဗုဒ္ဓဟူးနေ့က ဖုန်းဆက်လာကြောင်း၊ ရာနှင့်ချီရှိသော သူများ တစ်ဖက်နိုင်ငံသို့ ဖြတ်ကျော် ကူးပြေးရန် ကြိုးစားနေကြောင်း၊ ၎င်းအထဲမှ အချို့မှ ပစ်ခတ်ခံခဲ့ရကြောင်း ဖော်ပြသည်။

မြစ်ကမ်းဘေးတွင် စုရုံးနေသော လူအုပ်ထဲသို့ တပ်မတော်က သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၇၂ ဦးခန့် သေဆုံးသွားကြောင်း ဒေသခံ တစ်ဦးက ကျနော်ကိုပြောသည်ဟု ဆိုကာ ရိုဟင်ဂျာ လူမျိုးစု ခေါင်းဆောင်တစ်ဦးက ပြောကြောင်း ရိုက်တာက သတင်းဖော်ပြသည်။

အခြား မောင်တောက လူတစ်ဦးကလည်း ကျေးရွာ ၁၀ ရွာခန့်မှ အမျိုးသမီးများနှင့် ကလေးငယ်များ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း၊ ၎င်းအထဲမှ အချို့မှာ ဘုတ်ပေါ်ပေါ်သို့ ဆင်းရန် ပြုလုပ်နေစဉ် အသတ်ခံခဲ့ရကြောင်း၊ ပင်လယ်ပြင်တွင် အလောင်းကောင် အများအပြား မျှောနေကြောင်းဖြင့် သတင်းထွင် ဖော်ပြထားပါသည်။

ရိုက်တာမှ အင်္ဂလိပ်လို ရေးသားထားသော သတင်းကို အောက်တွင် ဖတ်ရှု့နိုင်ပါသည်။

No comments: