Sunday, November 6, 2016

အမျိုးသမီးကမ္ဘာ့ဖလားတွင် တာဝန်ထမ်းရန် မြန်မာဒိုင်လူကြီး နယူးဂီနီနိုင်ငံကို ထွက်ခွာ

dvb

ဖီဖာ ယူ ၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ မြန်မာအမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးဟာ ပြိုင်ပွဲကျင်းပမယ့် ပါပူအာ နယူးဂီနီနိုင်ငံကို နိုဝင်ဘာ ၅ ရက်နေ့ နေ့လယ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတဆင့် ထွက်ခွာသွားပါတယ်။

ပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်ဖို့ ကမ္ဘာတဝန်းမှ ကွင်းလယ်ဒိုင်လူကြီး ၁၆ ဦး၊ အကူဒိုင် ၂၇ ဦးတို့ကို ရွေးချယ်ခဲ့ရာမှ မြန်မာဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးက ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အာရှတိုက်မှ ဒေါ်သိန်းသိန်းအေး အပါအဝင် တရုတ်နိုင်ငံမှ ဒိုင်လူကြီး ၁ ဦး၊ သြစတြေးလျနိုင်ငံမှ ဒိုင်လူကြီးတဦး တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

FIFA U-20 Women’s World Cup ပြိုင်ပွဲကို နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး အိမ်ရှင် ပါပူအာ နယူးဂီနီအသင်း၊ ဘရာဇီး၊ ဆွီဒင်၊ မြောက်ကိုရီးယား၊ စပိန်၊ ကနေဒါ၊ ဂျပန်၊ နိုက်ဂျီးရီးယား အသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

“ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားမှာ မြန်မာနိုင်ငံကိုယ်စား၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကိုယ်စား၊ မြန်မာဒိုင်လူကြီးတွေရဲ့ ကိုယ်စား သွားရောက် တာဝန်ထမ်းဆောင်ရမယ့်အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဒီပြိုင်ပွဲမှာ အမှားအယွင်းမရှိဘဲ ဖိုင်နယ်အထိ ဒိုင်အဖြစ် ဆောင်ရွက်နိုင်ဖို့ ယုံကြည်ထားပါတယ်” လို့ ဒေါ်သိန်းသိန်းအေးက ပြောကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

No comments: