Monday, November 7, 2016

မရမ်းကုန်းမြို့နယ်တွင် ကျည်ဆံ ၁၄၁ တောင့် တွေ့ရှိ

စိုးသူအောင်

မရမ်းကုန်းမြို့နယ် စွယ်တော် ကန်ပတ်လမ်းရှိ ခြုံပုတ်အတွင်းမှ ကြွပ်ကြွမ်အိပ်ဖြင့် ထည့်ထားသည့် ကျည်ဆံ ၁၄၁ တောင့်ကို အောက်တိုဘာ ၆ ရက်နေ့က တွေ့ရှိထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စွယ်တော် ကန်ပတ်လမ်းရှိ ခြုံပုတ်အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် ပွိုင့် ၂၂ ကျည် (၉၁) တောင့်နှင့် ၎င်းနေ ရာ အနီးရှိ ရေမြောင်းဘေးခြုံပုတ် အတွင်းမှ ပွိုင့် ၂၂ ကျည့်(၅၀) တောင့်ကို တွေ့ရှိသဖြင့် စုစုပေါင်း ၁၄၁ တောင့်ကို သိမ်းဆည်းပြီး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ ဒါကတော့ကျွန်တော်တို့ အပေါ်ကိုတင်ပြရမှာပေါ့ တင်ပြပြီးမှ သက်ဆိုင်ရာကိုအပ်ရမှာပေါ့ " ဟု မရမ်းကုန်းမြို့နယ် ရဲ စခန်းမှ ရဲမှူး စိုးအောင်က ဆိုသည်။

စွယ်တော်ကန်ပေါင်လမ်းရှိ ကားပါကင်တွင် လာရောက်ကူညီလုပ်ကိုင်ပေးနေသည့် ကလေးငယ်(၂)ဦးမှ ကန်ပတ် လမ်း ဘေး ခြုံပုတ်အတွင်း၌ ကျည်ဆံများတွေ့ရှိခဲ့ကြောင်း သတင်းပေးသဖြင့် မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

No comments: