Sunday, November 6, 2016

အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသော ဒုရဲတက မင်းမင်းစိုးကိုသဂြိုလ်

စံမောင်သန်း (စစ်တွေ)


နိုဝင်ဘာ ၃ ရက်နေ့က အကြမ်းဖက်သမားများ၏ ၀င်ရောက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ဒုရဲတက မင်းမင်းစိုးကို ယနေ့နိုဝင်ဘာ ၅ ရက်နေ့တွင် မောင်တော သချိုင်္င်းတွင် သဂြိင်္ုလ်ခဲ့ကြောင်း သတင်းရရှိသည်။

“ ဒီနေ့ မွန်းလွဲ ၂ နာရီခန့်မှာ အသုဘ အခမ်းအနား စတင်ပါတယ်။ ၃ နာရီခွဲမှာ ဒုရဲတက မင်းမင်းစိုးရဲ့ အသုဘ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်” ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ကျော်မြ၀င်းက နိရဉ္စရာသို့ ပြောသည်။

အသုဘ အခမ်းအနားသို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွှင်၊ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွှင်၊ အမှတ် ၂၂ ရဲစခန်း တပ်ရင်း ဒုရဲမှူးကြီး စန်းမြင့်ထွန်း၊ မောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဥာဏ်ဝင်း၊ တစ်ခြား အဆင့် ရဲတာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ တက်ရောက်ခဲ့ကြသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် အမည်မသိ ဘင်္ဂါလီငါးဦးမှ ဆိုင်ကယ် သုံးစီးဖြင့် စခန်းရှေ့သို့ ရောက်ရှိလာပြီး သေနတ်တိုဖြင့် ၁၀ချက်၁၅ ချက်နီးပါးပစ်ခတ်ခဲ့ရာမှ ဒုရဲတက မင်းမင်းစိုး ကျဆုံးခဲ့သည်။ တစ်ခြား ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ရဲတပ်ကြပ် မျိုးဇော်တွင် ဒဏ်ရာရရှိခဲ့သည်။

No comments: