Sunday, November 6, 2016

မော်လူးဒေသတွင် တရားမဝင် သစ်စက် ၁ လုံး ပိုင်ရှင်နှင့်အတူဖမ်းဆီးရမိ

ကိုကိုလင်း(အင်းတော်)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသမှာ တရားမဝင်သစ်စက် ၁ လုံးကို ပိုင်ရှင်နဲ့အတူ နိုဝင်ဘာ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီအချိန် အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ဟာ သက်သေတွေနဲ့အတူ မော်လူးကျေးရွာ အရှေ့ဘက် ၄ မိုင်ခန့်က သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်စက်လုပ်ကိုင်နေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မော်လူးကျေးရွာ အုပ်စု အုန်းဒုတ်ကျေးရွာနေ မနွယ်နဲ့အတူ ဇူလင်း ၂၅ ကောင်အင်ဂျင် ၁ လုံး၊ ၃ ပေ လွှဝိုင်း ၁ ခု၊ အချင်း ၂ လက်မ အရှည် ၅ ပေ ဝင်ရိုး ၁ ခု၊ အရှည် ၃ ပေရှိ ဒလိမ့်တုံး ၂ ခု၊ ၃၈ ပေခန့်ရှိ ပတ္တားကြိုး ၁ ချောင်း၊ ကျွန်းသစ် ၁၃ လုံး (၀ ဒသမ ၈၂၂) တန် ကာလတန်ဖိုး ၁၄၅၇၆၀ ကျပ်ခန့် တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တရားမဝင် သစ်စက်လုပ်ငန်းလုပ်ကိုင်သူ မနွယ် (ခ) မစန်းစန်းနွယ်ကို မော်လူး နယ်မြေရဲစခန်းက (ပ)၆၁/၂၀၁၆၊ ပြည်သူပိုင် ၆(၁) နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments: