Friday, November 4, 2016

တပ်မ ၉၉ ခေါ်ဆောင်သွားသော ကချင်လူငယ် ၁ ဦး ပျောက်ဆုံးနေ

Kachinnews


အစိုးရ တပ်မတော်သားများ ဖမ်းဆီး ခေါ်ဆောင်သွားသော ရှမ်းပြည်နယ် မြောက်ပိုင်း Munggu (မုံးကို) မြို့နယ်မှ ကချင်လူငယ် တစ်ဦး ပျောက်ဆုံးနေသည်မှာ နှစ်ပတ်ခန့်ရှိလာပြီ ဖြစ်သည်။

ပျောက်ဆုံးနေသူမှာ Hpawng Seng (ဖောင်းဆိုင်)၊ မန်းယန် ကျေးရွာနေ အသက် ၂၁ နှစ်အရွယ် (Shd. Lagwi Yaw Zung) မောင် လဂွေယော်ဇုန်း ဖြစ်သည်။

အောက်တိုဘာ ၂၁ ရက်နေ့ ရွာမှ Nam Tau ကို ဆိုင်ကယ်နှင့် သွားပြီး အပြန်လမ်း မုန်းဘော် ပါ (Mung Baw Pa) ဆိုသည့် နေရာတွင် အစိုးရတပ်မ ၉၉ အောက် ခမရ ၄၁၇ စစ်ကြောင်းက ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ကြောင်း Yaw Zung (ယော်ဇုန်း) ၏ အစ်မဖြစ်သူ Lagwi Yaw Lung (လဂွေ ယော်လုန်) ပြောသည်။

Yaw Zung (ယော်ဇုန်း) နှင့် အတူခရီးသွားသည့် မိတ်ဆွေ ၂ ဦး အပါအဝင် ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်ခဲ့သော်လည်း ၄င်းတို့ ၂ ယောက်ကို ပြန်လွတ်ပေးခဲ့သည်။

ယင်းနေ့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး Yaw Zung (ယော်ဇုန်း) ကို မယုံသင်္ကာ ဖြစ်မှုကြောင့် ရိုက်နက် စစ်ဆေးမှုများ ပြုလုပ်ကာ ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်း အမည်မဖော်လိုသည့် ဒေသခံ တစ်ဦး မှ သိရသည်။

အိမ်တွင် ဖခင် ဖြစ်သူ Slg. Lagwi Ting Yaw (ဦးလဂွေ တိန့်ယော်) ကို ကြည့်ရှု့သော Shd. Lagwi Yaw Zung (မောင်လဂွေယော်ဇုန်း) ကို တပ်မတော်သားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် နေ့မှ စပြီး သူ၏ မိသားစုဝင် များမှာ မူဆယ်၊ မုံးကို နေရာအနှံ စုံစမ်း ရှာဖွေ ခဲ့ကြ သော်လည်း ယခုချိန်ထိ သတင်းအစ အန ပျောက်သွားသည့် အခြေအနေ ရှိနေသည်ဟု သူ၏ အစ်မ ပြောသည်။

အစိုးရ စစ်ဘက်စခန်းဖြစ်သော Nam Hkam (နမ့်ခမ်း) နှင့် Nampaka (နမ့်ဖတ်ကာ) ရှိ အာဏာပိုင်များကို အကူအညီတောင်းခံ ခဲ့သော်လည်း တစ်စုံတစ်ရာ ပြောဆိုတုန့်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

တပ်မ ၉၉ တပ်ရင်း ခမရ ၄၁၇ အဖွဲ့ ခေါ်ဆောင်သွားသော Yaw Zung ယော်ဇုန်း ကို ဘယ်နည်းနှင့် မဆို ပြန်ရချင်သည် ဟု သူ၏ အစ်မဖြစ်သူ Yaw Lung (ယော်လုန်) က ပြောပါသည်။

တပ်မ ၉၉ တပ်မတော်သားများ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အောက်တိုဘာ ၁ ရက်နေ့ Hpawng Seng (ဖောင်းဆိုင်) ကျေးရွာ အရှေ့ဘက် Puwang (ပူဝမ် ရွာ) မှ ကချင် ကလေးငယ် ၃ ဦး သေဆုံး ဒဏ်ရာ ရခဲ့သည်။

No comments: